part 09

4.1K 186 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၉)
အနီရောင်နဲ့ ပန်းရောင် နှင်းဆီတွေကို ဖဲကြိုး ဝါဝါလေးနဲ့ လီယိုကိုယ်တိုင်စည်းလိုက်ပြီး၊ဒီပန်းစည်းလေးကို ယူဆောင်ကာ ချစ်ရသူလေးဆီကို ပေးပို့ရမည်ဟူသော အတွေးကြောင့် သူ့မှာ စိတ်ထဲ မြူးနေပြန်သည်။

မနက်ကတည်းက စက်ပေါ်မှာ ပြေးနေရင်း ပျော်ပျော်မြူးမြူး ကြီးဖြစ်နေတဲ့ သူ့ပုံစံက အန်တီပေါ့နှင့် အိမ်ဝန်ထမ်းမိန်းကလေးတွေ အားလုံးကို ရိပ်မိနေစေသည်။

သူလည်း တတ်နိုင်သမျှတော့ အမူအရာတွေကို ထိန်းပါသေးတယ်။ထိန်းထိန်းသိမ်းသိမ်းနေနေသည့် ကြားကပင်
သူ‌ေပျာ်‌ေနသည့် ပုံစံက ပေါ်လွင်လွန်းလှသည်။

ကတောင်
"ကျတော် အခုပဲ နိုးလာတယ် ကိုကြီး"
အသံမက်ဆေ့ လေးကို နားထောင်ပြီး ကားမောင်းနေရင်းကနေ ပြုံးလိုက်မိသည်။

သိပ်မကြာခင်မှာပဲ ဆေးရုံရှေ့ကို ရောက်လာသည်။ပန်းစည်းကြီးကတဖက် ထမင်းဗူးထုပ်က တဖက်နှင့်တောင် အရမ်းကြည့်ကောင်းပြီး စမတ်ကျနေတဲ့ သူ့ကို တချို့တွေက မှတ်မိနေကြသည်။

"အဲ့တာ Mr.လီယို မဟုတ်လား"

"ချောလိုက်တာနော်"

"မနေ့က လူနာကောင်လေးချောချောလေးတယောက်နဲ့ လက်ချင်းတွဲသွားတာ မြင်လိုက်ရတယ်"

"အရင်တယောက်နဲ့ လမ်းခွဲပြီး သွားပြီလေ"

"အတွဲ အသစ်ထပ်ရနေတာ နေမှာပေါ့"

"အိုမို .....အစောကြီးကို ရောက်ချလာတာနော် ဒါမျိုး ချစ်သူမျိုး လိုချင်လိုက်တာဟာ"

မကြားတကြားပြောနေကြပေမယ့် .....မလှမ်းမကမ်း ကမို့ သူအကုန်ကြားနေရသည်။ဓာတ်လှေကားထဲ ဝင်တော့မှ သူ့ကိုမြင်ပြီး အရှိန်သတ်သွားကြသည်။

သူကတော့ ပြုံးပြုံး ပြုံးပြုံးနှင့်
"မင်္ဂလာပါ" ဟုပင် နှုတ်ဆက်လိုက်သေးသည်။

အဲ့ဒီတော့မှ မချောနှစ်ယောက်က သူ့ကို

"ဟယ် Mr. လီယို ဓာတ်ပုံလေး တွဲရိုက်ချင်လို့ပါ"

လို့ ခွင့်တောင်းကြပါလေတော့သည်။
ဓာတ်လှေကားစီးရင်း ပန်းစည်းတွေ ထမင်းဗူးထုပ် တွေ လက်နှစ်ဖက်အပြည့်နဲ့ post ပေးခဲ့ရပါသေးသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now