part 24

2.3K 104 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၄)

ပြတင်းပေါက်ကနေ နေခြည်နွေးနွေးလေး က သစ်ရွက်အရိပ်တွေကြားက တိုးဝှေ့ ပြီး ဝင်ရောက်လာသည်။
မျက်နှာကိုထိုးလာတဲ့ နေပြောက်တွေကြောင့် လီယို နိုးလာသည်။

နိုးလာလာချင်း ခေါင်းထဲတွေးမိတာက အဲလက်ကိုပင် သူလှမ်းကြည့် လိုက်တော့ အဲလက်က လူနာကုတင်ပေါ်တွင် လှဲကာ သတိမေ့နေဆဲပင်။

ညက ညဉ့်တော်တော်နက္ မှ အိပ်ပျော်ခဲ့တာမို့ မနက်ကို နောက်ကျမှ ထဖြစ်သည့် လီယို တယောက် အဲလက်နံဘေးမှာ ထိုင်ကာစိုက်ကြည့်နေမိသည်။

"မင်း အရမ်း အိပ်ရေးပျက်ခဲ့တယ် ထင်တယ် ဘာလို့ ခုထိ မထသေးတာလဲဟင်"

"ကိုယ်မင်းကို လိုအပ်တယ်ဆိုတာ မင်းသိတာမို ့ ပြန်လာခဲ့ပါနော်" လို့ တီးတိုးပြောနေတုန်း

အခန်းထဲကို ဆိုင်မွန် ဝင်လာသည်။သူ့လက်ထဲတွင်လီယို မှာလိုက်သည့် အိမ်ကခြံထဲက ရေမွှေးနှင်းဆီ ရောင်စုံပန်းစည်းကြီးနှင့် အန်တီပေါ့ထည့်ပေးလိုက်သည့် ထမင်းဗူး ရော၊လီယို့အတွက် လဲဝတ်စရာ အဝတ်အစားထည့်သည့် အိတ်ပါ ပါလာသည်။

လီယိုက ပန်းတွေကို စိတ်ရှည်၊လက်ရှည် ညှပ်ကာ စားပွဲတင်ပန်းအိုးမှာ ထိုးနေတုန်း ဆိုင်မွန်က အဲလက်ကို သေချာငုံ့ကြည့်ရင်း

"တော်သေးတာပေါ့ အကိုလေး အဲလက် အသက်အန္တရာယ်ကနေ နောက်တခါ လွတ်သွားလို့"

"မနေ့က အဖြစ်အပျက်က ငါ့ကို တော်တော်တုန်လှုပ်စေတယ် သူပြန်ပြီး နှလုံးခုန်လာလို့ တော်သေးတယ် နည်းနည်းလေး နောက်ကျသွားရင် ငါမတွေးရဲဘူး ဆိုင်မွန် မင်းချက်ချင်း ပြေးပြီး ဆရာဝန်သွားခေါ်ပေးလို့ တော်သေးတာ
မင်းကို တကယ်ကျေးဇူးတင်ပါတယ်ကွာ"

ဆိုင်မွန်က လီယို့ကို သေချာကြည့်ကာ

"အကိုလေးလီယို လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါအုံး အန်တီပေါ့ကလည်း အကိုလေးတို့ နှစ်ယောက်လုံးကို ဂရုစိုက်ဖို့ ကျတော့်ကို မှာထားပါတယ်"

မေတ္တာပေးရင် မေတ္တာပြန်ရသော အဝန်အဝိုင်းလေးတခု သူ့မှာရှိနေတာမို့ လီယို ပြုံးလိုက္မိသည်။ရင်ထဲလည်း နွေးထွေးရသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now