part 48

2.3K 67 0
                                    

ပန်းဥယျာဉ်လို အချစ်
(အထူးအပိုင်းပို(၃))
အဲလက်နှင့် အမဟေဇယ် တို့ ရိုက်ကွင်းကို ရောက်သွားတော့ အကိုဖီးလစ်က ရိုက်ကူးရေးလုပ်နေဆဲ ဖြစ်သည်။

ဇာတ်ဝင်ခန်းထဲမှာ စိတ်နှစ်ပြီး သရုပ်ဆောင်နေတဲ့ အကိုဖီးလစ်ကို ကြည့်ကာ အမဟေဇယ်က

"သူကတော့ တကယ်ကြိုးစားတာပဲ
တနေ့တခြားလည်း ပိုကြည့်‌ေကာင်းလာတယ်နော်"

"ဟုတ်တယ် အမဟေဇယ် ကျတော် ငယ်ငယ်တုန်းက အကိုလီယို့ကိုလည်း သဘောကျခဲ့ဖူးပေမယ့် အကိုဖီးလစ်ရဲ့ဖန် ဖြစ်လာတော့ အကိုဖီးလစ်နဲ့လည်း တွဲချင်ခဲ့ဖူးတယ်"

အဲလက် စကားကြောင့် အမဟေဇယ်က ပြုံးကာ

"အမရောပဲ အကိုဖီးလစ်သာ မိန်းကလေးတွေကို သဘောကျမယ်ဆိုရင် အမလည်းသူနဲ့ တွဲချင်ခဲ့ဖူးတယ် သူက ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ ပေါင်းစပ်ထားတာ တကယ် မိုက်တယ်"

ဟုဆိုပြန်သည်။ပြီးတော့ ရုတ်တရက်ပင် တခုခုကို သတိရလာဟန်ဖြင့်

"ဒါနဲ့ အကိုဖီးလစ်က အကိုလီယိုနဲ့ တွဲခဲ့ဖူးတယ် မဟုတ်လား? အဲ့ဒါကိုရော မောင်လေးအဲလက် သိတယ်ဟုတ်"

"တိုင်းသိပြည်သိကြီး တွဲထားတာ ကျတော်လည်း သိတာပေါ့ အမဟေဇယ်"

"ဒါနဲ့ လေ မောင်လေးအဲလက်နဲ့ အကိုလီယိုတို့က နယ်ပယ်ချင်းလည်း မနီးစပ်ပဲနဲ့ ဘယ်လိုလုပ်တွေ့ကြတာလဲ?"

"ကျတော်က စားဖိုမှူး မလုပ်ခင်က Body Spa လုပ်တဲ့ အလုပ်လုပ်ခဲ့ဖူးတယ် ဒါပေမယ့် တွေ့တာကတော့ ကျတော်အကလေ့ကျင့်နေတုန်းမှာပဲ တွေ့တာဗျ၊ကျတော့် Idol ကြီးက ကားကြီးနဲ့ ကျတော့်အနားကို ရောက်ချလာတာဗျ သိလား?
ကျတော်ဖြင့် ယုံတောင်မယုံနိုင်ဘူး"

အဲလက်စကားကြောင့် ဟေဇယ့်မှာ လက်လေးနှစ်ဖက်ကို ပါးပေါ်တင်လိုက်ပြီး

"အိုး မိုက်လိုက်တာ....
အရမ်းစိတ်ကူးယဉ်ဆန်တာပဲ မတော်တဆကြီးကို ကိုယ့် Idol ကြီးက ကိုယ့်အနားကို ရောက်ချလာတာ
လုံးဝကြီးကို ကံတရားက Surprised တိုက်ချသွားတာပဲ"

အဲလက်က အမဟေဇယ်၏ပုံစံလေးကို ကြည့်ကာ ရှက်စနိုးလေးရယ်လိုက်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Où les histoires vivent. Découvrez maintenant