part 12

3.2K 143 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၂)

ပြိုင်ပွဲခန်းမရှေ့မှာ အချိန်အတန်ကြာအောင်စောင့်နေသော်လည်း အဲလက်က ထွက္မလာသေးချေ။ပို၍ ထူးဆန်းသည်မှာ ဆိုင်မွန်တို့ ဆရာ၊တပည့် နှစ်ယောက်ကိုလည်း မတွေ့ရသေးချေ။ခန်းမထဲမှာ လူကုန်သလောက်ရှိနေပြီဖြစ်သောကြောင့် သူပိုပြီး စိတ်ပူနေမိသည်။

📞📞📞📞📞📞📞📞

"ဟယ်လို ဆိုင်မွန်"

"ဟယ်လို အကိုလေး လီယို ကျတော်အခု အဲလက်နောက်ကို လိုက်နေတာ သူ  သူ့အရင်တိုက်ခန်းလေးကို ပြန်နေတယ် အကိုလေး ဖြည်းဖြည်းချင်း လိုက်လာခဲ့တော့"

"အေးလိုက်လာခဲ့မယ် ဆိုင်မွန် သူ့ကိုမျက်ခြေမပြတ်စေနဲ့"

"ဟုတ်ကဲ့ စိတ်ချပါ"

လီယိုတယောက် ကားကိုဂရုစိုက်မောင်းရင်း အဲလက်အရင်နေဖူးသည့် တိုက်ခန်း ဘက်သို့ ဦးတည်လာခဲ့သည်။

သူ့ကား လမ်းထဲကို ဝင်လာတာမြင်မှ ဆိုင်မွန်က ကားခေါင်းခန်းထဲမှ လက်လှမ်းပြကာ ထွက်သွားသည်။သူလည်း လက်လှမ်းပြလိုက်ပြီး ပြန်ခွင့်ပြုလိုက်သည်။

ဆိုင်မွန်က သူဌေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အထိပါ အပင်ပန်းခံ လိုက်စောင့်ရှောက်ပေးတတ်သည့် တာဝန်ကျေသည့် မန်နေဂျာတယောက်ပါပဲ။

သူ အဲလက် တိုက်ခန်းလေးထဲကို ချက်ချင်း ဝင်မလိုက်သွားသေးပဲ အချိန်အတန်ကြာအောင် လမ်းထိပ်ကနေ စောင့်ဆိုင်းနေပြီးမှ ကားထဲက ထွက်ကာ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။

"ဒေါက် ဒေါက်"

သူ့အလာကို စောင့်ဆိုင်းနေသည့်အလား တံခါးက ချက်ချင်းပွင့်လာသည်။သူဝင်သွားတော့ အဲလက်က သူ့ကို ဆီးကာ ဖက်လိုက်သည်။သူ့ရင်ခွင်ထဲ ဝင်ကာ ဝမ်းပမ်းတနည်း ငိုနေသော အဲလက်ကို သူအသာအယာကို ပွေ့ဖက်ထားလိုက်မိသည်။

နှလုံးအတွက် ဓာတ်စာစားကာ ဆေးသောက်နေရသော အခြေအနေနှင့်မို့ အကြာကြီးတော့ ငိုခွင့်မပြုချင်၊အကြာကြီး ဝမ်းနည်းစိတ်ထိခိုက်ရအောင်လည်း လွှတ်ပေးမထားနိုင်။

ပန်းဥယာဉ်လို အချစ်(Complete)Dove le storie prendono vita. Scoprilo ora