part 35

2.2K 81 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း (၃၅)
ညက မီနူးအသစ် ဖန်တီးဖို့အတွက် အဲ့လက်နှင့် သူ့ဆိုင်က စားဖိုမှူးခေါင်းဆောင်တို့ မီးဖိုခန်းထဲကမှာ အချိန်အကြာကြီးယူပြီး လက်တွေ့ချက်ပြုတ်ပြီး၊မြည့်စမ်းပြီး၊စစ်ဆေးပြီး၊ဆွေးနွေးပြီး၊အတည်ပြုချက် ယူပြီးသည်အထိ အလုပ်လုပ်ခဲ့ရတာမို့ စားဖိုမှူးခေါင်းဆောင် လည်း အိမ်အပြန် နောက်ကျသလို၊အဲလက်လည်း အိပ်ရာဝင်နောက်ကျခဲ့သည်။

ဒီနေ့ မနက်ခင်းကျ အဲလက် အိပ်ရာက နောက်ကျမှ နိုးလာတာမို့ ကိုကြီးက နံဘေးမှာ မရှိတော့

လေ့ကျင့်ခန်းလုပ်ပြီး ရေမိုးချိုးကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။အောက်ထပ်မှာ ခါတိုင်းနှင့်မတူ
ကိုကြီးလီယိုနှင့် အန်တီပေါ့တို့တတွေ အလုပ်တွေ ရှုပ်နေကြသည်။

အလှပန်းအိုးလေးတွေ နေရာပြန်ချလိုက်၊သန့်ရှင်းရေးလုပ်လိုက်၊ခန်းဆီး လိုက်ကာတွေ အသစ်လဲတဲ့လူက လဲနေပြီး ဧည့်ခန်းထဲက ဆိုဖာကိုလည်း အသစ်လဲနေသည်။အခန်းထဲတွင် ချိတ်ထားသော ပန်းချီကားတွေကိုလည်း သန့်ရှင်းရေးလုပ်နေကြသည်။

"ဟော နိုးလာပြီလား Bae "

"ဘာတွေလုပ်နေကြတာလဲ ဟင် ကိုကြီး"

"ဒီနေ့ အင်တာဗျူး တခုကို ကိုယ်ဖြေဖို့ လက်ခံထားတယ် အဲ့ဒါကြောင့် ပြင်ဆင်နေတာပါ Bae မနက်စာ စားလိုက်အုံးနော် အန်တီပေါ့တို့ မအားလို့ ကိုယ်ကိုယ်တိုင် ချက်ထားတာ"

အဲလက်မျက်နှာလေး က ကိုကြီး စကားကြောင့် ပြုံးရွှင် သွားရသည်။ကိုကြီး ပါးလေးကို ရွှတ်ကနဲ နမ်းလိုက်ပြီး။

"ကိုကြီး ချစ်ဖို့ကောင်းလိုက်တာ"

ဟု တိုးတိုးလေး ကပ်ပြောသွားပြီး မနက်စာ စားရန် ထမင်းစားခန်းထဲသို့ ဝင်သွားသည်။လီယိုလည်း ပြုံးပြုံးကြီးကြည့်ကာ ကျန်ရစ်ခဲ့သည်။

.......................

ကင်မရာတွေ၊မီးတွေ၊မှန်တွေ ဆင်နေကြပြီး ကိုကြီးနှင့် အင်တာဗျူးမည့် သတင်းထောက် အမတို့က မေးမည့်၊ဖြေမည့် စကားတွေအကြောင်း ပြောဆိုနေကြသည်ကို
အဲလက်က သူ့တကိုယ်စာ မွေးပွအခင်းလေးပေါ်မှာ ထိုင်ပြီး ဆိုဖာထိုင်ခုံအသေးစားပျော့ပျော့အိအိလေးပေါ် မေးတင်ကာ ထိုင်ပြီး ငေးမောနေလေသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now