part 06

4.3K 201 2
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၆)
နောက်ကနေ ငေးကြည့်ရုံနဲ့တင် သွယ်လျလျ ခါးသိမ်သိမ်လေးနဲ့ ကောင်လေးရဲ့ body wave ဟာ ကြည့်ကောင်းလွန်းလှတယ်။လက်‌ေချာင်းသွယ်သွယ်လေးတွေကို ထုတ်လိုက်ပြီး  body oils တွေရဲ့ အနံ့တွေကို စမ်းသပ်နေပုံလေးကလည်း တမျိုး ကြည့်ကောင်းနေပြန်တယ်။
ဖျတ်ကနဲ ဒီဘက်ပြန်အလှည့်မှာ မြင်ရတဲ့ မျက်နှာဖူးဖူးနူနူလေးကလည်း
ကြည့်မဝ ‌ေအာင် ကြည့်ကောင်းနေပြန်ရော.........

အရမ်းစိုက်ကြည့်ရမှာ အားနာတဲ့အခါ လီယိုတယောက် သူ့ခြံထဲကတောအုပ်ငယ်လေးဆီကို အကြည့်လွှဲလိုက်ပေမယ့်
သူ့ကို တချိန်လုံး ငေးကြည့်နေမယ့် လီယိုမျက်လုံးတွေအကြောင်းကို အဲလက် သိတာပေါ့။

သူ့ကို တခါတရံ တိတ်တခိုး flirt တယ်။တခါတရံ မသိမသာ flirt တယ် ဆိုတာလည်း အဲလက်ရိပ်မိတယ်။

ဘာအကြောင်းမှ မရှိဘဲ သူလို နာမည်မရှိသေးတဲ့ ကောင်လေးတယောက် အကလေ့ကျင့်တာကို လာကြည့်တာမျိုး၊ဆုံတွေ့ချိန်တိုင်း မျက်လုံးရွဲကြီးနဲ့ ငေးမောနေတာမျိုး၊

အခုလည်း ကြည့်လေ
Spa လုပ်ဖို့ အဲလက်ကို ဝန်ဆောင်မှုပေးခိုင်းဖို့ သူ့ဆိုင်ကို by name နဲ့ လှမ်းမှာတာမျိုး........

တကယ်ဆို အဲလက်လည်း ဒီဘဲကြီးကို သဘောကျခဲ့ဖူးတာပေါ့
စင်တကာ စင်ပေါ်မှာ Mr.လီယို လာပြီဆိုတာနဲ့ ချောမွေ့တဲ့ မာဆယ်တွေနဲ့ မေးရိုးလှလှ အသားအရေ ကောင်းကောင်းနဲ့ အမြဲတမ်း smart ကျကျ ဝတ်စားထားတတ်တဲ့ ကျော်ကြားသူ တယောက်ကို သူအမြဲတမ်းငေးမော အားကျခဲ့ဖူးတာမျိုး ၊လီယိုလို လူတယောက်က ဘယ်လို လူမျိုးဆီ ပစ်ကြွေလိုက္မလဲ ဆိုတာ သူအမြဲ သိချင်ခဲ့ဖူးတာမျိုး

လီယိုက ဖီးလစ်နဲ့ တွဲလိုက်တဲ့အခါ Mr: လီယို ကြွေတာ ဒီလိုပုံစံမျိုးပါ့လား ဆိုပြီး ကြည့်ရင်း ကြည့်ရင်း ဖီးလစ် ဖန် ပါ ဖြစ်ခဲ့ဖူးတာမျိုးအထိပါပဲ။

"လိမ္မော်လေးဆို အကိုနဲ့ သင့်တော်လိမ့်မယ် ......ဓာတ်မတည့်တာတွေ ဘာတွေရော ရှိတတ်လား အကို"

ခက်တော့ ခက်နေပြီ အလိုလိုနေရင်း နီထွေးနေတဲ့ နှုတ်ခမ်းလေးက ထွက်လာတဲ့ အကြံပေးစကား၊ ပြီးတော့ ဒီကောင်လေး ကသာ ဂရုစိုက်ပေးမယ်ဆိုရင်
ခံယူချင်မိတဲ့ တိမ်းညွတ်နေတဲ့ စိတ်တွေကို မရိပ်မိတာလား
မင်းကသာ ကိုယ့်အတွက် ‌ရွေးချယ်ပေးမယ် ဆိုရင် ကိုယ်က အကုန်အဆင်ပြေနေပြီးသား

ပန်းဥယာဉ်လို အချစ်(Complete)Tempat cerita menjadi hidup. Temukan sekarang