ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၃)
ဒီနေရာက ဆိတ်ငြိမ်ရပ်ကွက်လည်း မဟုတ်တာမို့ နံနက်ခင်း မိုးမလင်းခင်ကတည်းက ကားသံ၊လူသံ ဆူညံနေသည်။ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် လမ်းမကြီးကို လှမ်းမြင်နေရသည်။ပြတင်းမှန်ကနေ လှမ်းကြည့်လိုက်ရင် ပန်းပင်၊ အရွက်လှပင်၊ေရတံခွန်၊
မိုးရွာေနသည်ကို အတိုင်းသား
မြင်ရသည့် မှန်ခန်းလသာဆောင်၊ဒေသမျိုးပင်တွေအပြည့်နှင့် တောအုပ်ငယ်လေး ကိုမြင်ရသည့် ဆိတ်ငြိမ်ရပ်ကွက်က လီယို၏ ခမ်းနားလှပသည့် အိမ်ကြီးကို တွေးမိပြီး သူ့အခန်းကျဉ်းလေးရဲ့ ကုတင်ပေါ်မှာ အိပ်ပျော်နေဆဲ ကိုကြီးလီယိုကို အားတုံ့၊အားနာနှင့် လှမ်းကြည့်လိုက္မိသည်။ခပ်နွမ်းနွမ်း အခန်းကျဉ်းလေးထဲက ကုတင် လေးပေါ်မှာ အိပ်ေပျာ်နေသည့်တိုင် လီယို၏ တောက်ပတဲ့ အရှိန်အဝါတွေက လျော့မသွားချေ။အဲလက်၏ စွပ်ကျယ်လေးကို ဝတ်ဆင်ထားလျက်ကပင် ခန္ဓာကိုယ် အမိုက်စားကြီးက ဆွဲဆောင်မှုရှိနေနိုင်လွန်းသည်။
လီယိုမနိုးခင် အစောကြီးကတည်းက ရပ်ကွက်ဈေးလေးကိုပတ်ကာ အဲလက်က လီယိုကြိုက်တတ်သည့် ဟင်းရည်၊အရံဟင်း၊အဓိက ဟင်းလျာနှင့်ရိုးရာအချိုပွဲလုပ်ရန် အစုံအလင် ဝယ်ခြမ်းလာခဲ့ပြီး ပြန်ရောက်လာသည့် တိုင်အောင် လီယိုက အိပ်ပျော်နေဆဲ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လီယို့ကို ကြည့်ကာ အဲလက် ကြည်ကြည်နူးနူးလေးပြုံးလိုက္မိသည်။
"ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကြည့်ကောင်းနေလိုက်တာ"
ဟု တ ေယာက်တည်းရေရွတ်
လိုက္မိသည်။သူစိုက်ကြည့်နေတုန်းမှာပင် လီယိုက အိပ်နေရာမှ နိုးလာသည်။"Bae နိုးနေပြီလား.......?
ဟင်.....ဈေးဝယ်ထားတာလား ?ကိုယ့်အချစ်လေး ကလည်း အပင်ပန်းခံလို့ အန်တီပေါ့ကို လှမ်းချက်ပေးဖို့ ပူဆာလိုက်လည်း ရတာကို"နိုးလာတာနှင့်ပင် သူ့ကို စိတ်ပူနေသည့် ဒီအကိုကြီးကြောင့် ကြည်နူးပြီး တခါတရံ စိတ်ရှုပ်ရသည်။
"ကျတော်တို့ နှစ်ယောက်တည်းပဲ ရှိနေသလို ခံစားချင်လို့ ....ပြီးတော့....."
VOCÊ ESTÁ LENDO
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...