ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၀)
တယောက်ထိုင်နောက္မှီ ဆိုဖာ အသေးလေးကို ပြတင်းပေါက် မှာ ရွှေ့ထားလိုက်ပြီး ကော်ဖီ နွေးနွေးလေး တခွက်ကို လက်က ကိုင်ထားပြီး ပြတင်းပေါက်အပြင်ဘက်ကမ္ဘာက သူ့ရဲ့ တောအုပ်ငယ်လေးကို ငေးကြည့်နေမိသည်။ညဝတ်အကင်္ျီ အရှည်ကို ဝတ်ထားဆဲ ပေမယ့် တောင့်တင်း၊ချောမော၊ခန့်ညား၊ပြေပြစ်နေတဲ့ သူ့ပုံစံက ပျောက် မသွားပေ။
အပြင်ဘက်ကို ငေးမောကာ သဘာဝအလှအပတွေကို ခံစားပြီး တဲ့နောက်အိပ်ရာပေါ်တွင် ညဝတ်အင်္ကျီနှင့် စောင်ပုံတွေကြားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဖြူနူနူ ၊သွယ်လျလျ ပုံစံလေးနှင့် အဲလက်ပုံစံလေး ကို ကြည့်ကာ
လီယို ကြည်ကြည်နူးနူး ပြုံးနေမိပြန်သည်။ဒေါသစိတ်တွေ ဟုန်းဟုန်းထ ပေါက်ကွဲနေလျှင်တောင်မှ ဒီမျက်နှာလေးကို မြင်လျှင် ချက်ချင်း ငြိမ်းအေးသွားရသည်။
"ချစ်စရာ ကောင်းလိုက်တာကွာ"
လို့ အသဲတယားယားနှင့် ရေရွတ်နေမိသည်။တကယ်တော့ သူ့ခြံနှင့် အိမ်ကို မယောင်မလည် နှင့် ခဏ၊ခဏ လာ လာစောင့်ကြည့်နေတဲ့ ခေါင်းစွပ်ပါသည့် အနက်ရောင် အကင်္ျီဝတ် လူတယောက်ကို လီယို ရိပ်မိနေတာ ကြာပါပြီ။
အဲလက်နှင့် ဇီယမ်း ကတုန်ကရင်နှင့် ခြံထဲ ဝင်ပြေးလာပြီးသည့်နောက် အဲလက်က ထိုလူကို မြင်လျှင် အရမ်းကြောက်နေတာကတကြောင်း၊ထိုလူနှင့် ပတ်သက်လျှင် အမြဲတမ်း အမှန်အတိုင်း မပြောတာက တကြောင်း၊အကြောင်းကြောင်း ကြောင့် အဲလက်နှင့် ထိုလူက တခုခု ပတ်သက်နေလိမ့်မည်ဟုလည်း မှန်းဆထားသည်။
အဲလက်က သူ့ကို အမှန်အတိုင်း ဖွင့်ပြောလာနိုင်မယ့် နေ့ကို သူစိတ်ရှည်၊လက်ရှည်နှင့် စောင့်မည်ဟုပင် ဆုံးဖြတ်ထားလိုက် မိသည်။
ဘာအတွက်ကြောင့်နဲ့မှ ကိုယ့်ဘေဘီလေးကို ဖိအားလည်းမပေးချင်၊တွန်းအားလည်းမပေးချင်၊ကြောက်လည်း ကြောက် မနေစေချင်တော့....
ပြုံးပြုံးကြီး ငေးစိုက်ကာ ကြည့်နေတုန်း အဲလက်က နိုးလာသည်။ပြတင်းပေါက်နံဘေးမှာ ထိုင်ကာ သူ့ကို ပြုံးပြုံးလေး ကြည့်နေတဲ့ ကိုကြီးလီယိုကြောင့် အိပ်ရာထက် မှာပင် အသာအယာ ထထိုင် လိုက်သည်။ကိုကြီးက ခြေတံရှည်ရှည်တွေနှင့် မားမားမတ်မတ်ကြီး သူ့ဆီကို လွှားကနဲလျှောက်လှမ်းလာပြီး ကုတင်စွန်းက သူ့နံဘေးမှာ ဝင်ထိုင်သည်။
ŞİMDİ OKUDUĞUN
ပန်းဥယာဉ်လို အချစ်(Complete)
Romantizmကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...