part 32

1.9K 86 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၂)

လီယိုတို့ သူငယ်ချင်း သုံးယောက် စကားတပြောပြောနှင့် ရယ်‌လိုက်၊ငြင်းခုန်လိုက်၊စကားနိုင်လုလိုက် ပြောနေတာကို ဘေးက ထိုင်ကြည့်ကာ အဲလက် ပြုံးနေရသည်။

မြစ်ကမ်းနံဘေး မှာ ရှိနေတာကြောင့် စက်လှေ စီးနေကြသူတွေကိုပါ တွေ့နေရသည်။အဲလက် ထိုင်နေရာမှ ခဏ ထကာ ရေကြည့်ချင်တာကြောင့်  မြစ်နံဘေးက လက်ရန်း အကာအရံတွေ အနီးသို့ သွားပြီး လက်ရန်းတွေ ကို ကိုင်ကာ မြစ်ပြင်ကျယ်ကို ရပ်ကြည့်နေမိသည်။

လေတွေကတိုက်ခတ်နေတာကြောင့် အဲလက်၏ အကင်္ျီစလေးတွေ၊ဆံပင်စလေးတွေ က လေမှာလွင့်နေလေသည်။ခါးသွယ်လေးနှင့် ကိုယ်လုံး၊ကိုယ်ဟန် ဖြူဖြူသွယ်သွယ်လေး၊ မျက်နှာကျပုံ၊မေးရိုးကျပုံ၊အသားအရေ နုနုလေး၊ မျက်ခုံး၊မျက်လုံး၊နှာတံ၊နှုတ်ခမ်း တို့က သူ့နေရာနှင့်သူ ပုံကျကာ လှပနေတာမို့ လီယိုက သူငယ်ချင်းတွေနှင့် စကားပြောနေရာမှ အဲလက်ကို ငေးကြည့်နေတော့သည်။

ဒါကိုမြင်တော့ အက် က ရယ်သည်။ပြီးမှ

"လီယို မင်းမျက်လုံးထဲမှာ အဲလက် တယောက်တည်း ရှိတော့
သူ့ကိုပဲ မင်းမြင်ရမှာ
ငါတို့ဘေးက လူတွေက တော့
အားလုံးကို မြင်ရတယ်ကွ"

လီယို အက်ကို နားမလည်နိုင်သလို ကြည့်လိုက်ပြီး
"ငါက ငါ့ချစ်သူကို ငါမြင်တာ ဘာဖြစ်နေလို့လဲ?"

အက်က တဟက်ဟက် ရယ်လိုက်ပြီး လက်ဟန်၊ခြေဟန်၊မေးငေါ့ဟန်တို့ဖြစ် ဘေးဘီဝဲယာ ကို ပြလိုက်ပြီး

"အဲလက် အဲ့ဒီမှာ စပြီး ရပ်လိုက်ကတည်းက ဟိုဘက်ဝိုင်းက ကောင်ချောချောလေးတွေက ကြည့်နေကြတာ ဒီဖက်က ဆော်ချောချောလေးဆို အုံ့အုံ့ကြွက်ကြွက်ပဲ ကောင်လေးက ငယ်သေးတယ်နော် မင်း သေချာဆွဲထားရမှာပေါ့"

အက် ပြသည့်နေရာတွေကို လီယိုလည်း မသိမသာ လှမ်းကြည့်လိုက်ရာ အက် ပြောသည့်အတိုင်းပင် အဲလက်ကို ဝိုင်းတော်တော်များများမှ လူတော်တော်များများက စိတ်ဝင်စားနေဟန် ရှိသည်။တချို့က အကြည့်ဖြင့် လှမ်းကာ ကြည့်ပြီး အီစီကလီ လုပ်နေကြသည်။

ပန်းဥယာဉ်လို အချစ်(Complete)Donde viven las historias. Descúbrelo ahora