part 11

3.6K 159 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၁)
အခုတလော လီယို တယောက် အချိန်တွေပိုနေလေသည်။ဟိုတလောက ထုတ်တဲ့ Mr လီယို တံဆိပ်နဲ့ ဘီကီနီ ကို တန်းစီစနစ်နဲ့ ထုတ်ရောင်းအပြီး သူဘာအလုပ်မှ မလုပ်ပဲ စိတ်ကြိုက်သုံးဖြုန်းပြီးတဲ့အပြင် တခြားလုပ်ငန်းတွေမှာပါ ရင်းနှီးမြှပ်နှံထား လို့ပင်ရနေသေးသည့် အတွက် အခုတလော အနားယူကာ အပန်းဖြေနေလေ သည်။ထုံးစံအတိုင်း သူ့ချစ်သူလေး အနားမှာ ကပ်နေလေသည်။

အန်တီပေါ့နှင့်အတူ ချက်လိုက်၊ပြုတ်လိုက်၊ဈေးဝယ် သွားလိုက်၊သင်တန်းသွားတက်လိုက်နှင့်  အဲလက်ကမူ မအားလပ်တဲ့ ကြားက သူ့ကို ထိုင်ကြည့်လိုက်၊လာဖက်လိုက်၊ ခဏအကြာတွင် လူလစ်သည်နှင့် ပါးလေးကို လာနမ်းသွားလိုက် လုပ်နေသည့် ကိုကြီးကြောင့် တခါတခါစိတ်ညစ်ရသည်။

အမြဲသွားနေကျ ရိုးရာမုန့်လုပ်နည်းသင်တန်းကိုပင် ခါတိုင်းဆို ကိုယ့်ဘာသာကိုယ် သွား‌ရပေမယ့် အခု ကိုကြီးက အားလပ်နေတော့ သူပဲ လာပို့လိုက် လာကြိုလိုက်လုပ်ချင်လာသည်။

အသားဖြူဖြူသွယ်လျလျ နှင့် ချောမော‌လွန်းလှသည့် အဲလက်ကြောင့် ပင် သင်တန်းလာတက်ကြသည့် မိန်းမငယ်လေးများက အဲလက်လာလျှင်

" ဟေး အကိုလာပြီ အကို လာလာ ဒီနေ့ ညီမနံဘေးမှာ လာနေနော်"

"အကိုက ဒီနေ့ ငါ့နံဘေးမှာ လာနေမှာ"

""အင်း ဒီနေ့ တို့အလှည့်မဟုတ်ဘူးပေါ့"

ဆိုပြီး လီယို ရှေ့မှာတင် အတင်းဆွဲကာ၊ရမ်းကာ ခေါ်သွားကြသဖြင့် လီယိုတယောက် မျက်လုံးတွေပြူးကာ၊ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အူတွေ အလိပ်လိုက်တိုရင်း ကျန်နေခဲ့ရသည်။

သူကတော့ သူ့ချစ်သူလေးကားပေါ်ကဆင်းရင် နှုတ်ဆက်အနမ်းလေး တောင်းမယ်လို့ ကြည်ကြည်နူးနူးစိတ်ကူးထားတာကို စပ်စလူးမလေးတသိုက်ကဝင်နှောက်သွားလို့ ဒေါသ ‌ေတွလည်းအလိပ်လိုက်ထွက်ရသည်။

ယက်ကန်၊ယက်ကန်နှင့် ပါသွားသည့်ကြားက သူ့ကို လှည့်ကာ၊လှည့်ကာ ကြည့်သွားသော အဲ့လက္မျက်ဝန်းလေးတွေကြောင့်သာ သူ့မှာတမျိုးဖြေသာလိုက်ရသည်။စိတ်က သိပ်တော့
အေး‌ေနသည်မဟုတ်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now