ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၂)
ကောင်လေးဟာ မြင်းမွှေးရောင် ဘောင်းဘီနှင့် ရှပ်အကင်္ျီ အဖြူပေါ်မှာ နက်ပြာ အစင်းသေးသေးလေးကိုတွဲဝတ်ထားတယ်။ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်လေးပုံသွင်းထားသေးတယ်။မျက်နှာ နူနူ၊ဖြူဖြူလေးနှင့် သွယ်လျလျ ကိုယ်နေဟန်ထားလေးနှင့်၊မလိုအပ်ပဲ မာနတွေကြီးကာ သူ့စားသောက်ဆိုင်က ရလာတဲ့ အမြတ်ငွေနဲ့ လီယိုလောက်တော့ မဟုတ်ပေမယ့် ဒီနိုင်ငံမှာ သာမာန်လူတန်းစား မစီးနိုင်တဲ့ ကားအမျိုးအစားတစီး ကို ဝယ်ထားပြီး၊
အခုလည်း ဆိုင်ကို သူ့ဘာသာ သူ ကားမောင်းကာ ထွက်သွားသည်။
သူ့ဆိုင်မှာ စားဖိုမှူး အစည်းအဝေးရှိလို့ ဆိုလားပဲ?။အခါတိုင်းဆို အဲလက် အားငယ်နေမှာ စိုးရိမ်တာကြောင့် ဆိုင်သွားပြီဆိုလျှင် လီယို တကပ်ကပ်နှင့် လိုက်သွားမြဲဖြစ်ပေမယ့် ဒီနေ့တော့ အကြံနဲ့ လီယို တယောက် တမင်သက်သက်ပင် အိမ်မှာနေရစ်ခဲ့တော့သည်။
အဲ့တာကိုပင် အဲလက်က ဆူပုတ်ပုတ်လုပ်သွားသေးသည်။လီယိုကလည်း တမင်ကြီးကို မသိချင်ယောင်ဆောင်ကာ နေရစ်ခဲ့သည်။
အပေါ်ထပ် မှန်ပြတင်းပေါက္မှာ ရပ်ကာ အဲလက်ကားလေး ခြံထဲကထွက်သွားသည်ကို မြင်လျှင် အန်တီပေါ့နှင့် အိမ်ဝန်ထမ်း မိန်းကလေးတွေ ရောက်လာကာ Mr.လီယို တို့အဖွဲ့ လုပ်ငန်းစကြတော့သည်။
လီယိုနှင့် အဲလက်တို့၏ အိပ်ခန်းထဲတွင် ပန်းအလှဆင်ခြင်း ၊ပူေပါင်းများနှင့် အလှဆင်ခြင်း ၊မီးအလှဆင်ခြင်း များနှင့် (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အတွက် အလှဆင်ထားသည့် ကိတ်မုန့်နှင့် လက်ဆောင် ပန်းစည်းများ၊လက်ထပ်ခွင့်တောင်းမည့် စုံတွဲလက်စွပ်ကိုမူ ဗူးလှလှလေးနှင့်ထည့်ကာ အဲလက်၏ အဝတ်ဗီရို ထဲတွင် ထည့်ထား လိုက်လေသည်။
အဲလက် အိမ်ပြန်လာပြီး အဝတ်အစား
ေတွလဲလှယ်ချိန်တွင် လက်စွပ်ကိုတွေ့သွားရန် ရည်ရွယ်ပြီးေတာ့ ထားတာဖြစ်သည်။အားလုံးကို အလှဆင်လို့ ပြီးသွားတော့ ဘယ်နေရာများ လိုအပ်နေအုံးမလဲ?ဆိုပြီး လီယို တယောက် အကုန်လုံးကို လှည့်ပတ်ကြည့်ကာ စစ်ဆေးရင်း ကြည်နူးပြီး ပြုံးနေမိတော့သည်။
YOU ARE READING
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခဲ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...