ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၅) (ဇာတ်သိမ်းပိုင်း)ဓာထိုးမှု ဖြစ်ပြီး တဲ့နောက် (၁)နှစ်အကြာ
ဆေးရုံပေါ်ကနေ
"ကိုကြီး ကျတော် ထွက်သွားပါပြီ ကျတော့်ကို လိုက်မရှာပါနဲ့တော့
(၁)နှစ်ပြည့်တဲ့ အခါ ပြန်လာပါ့မယ်
ကိုကြီး စောင့်နေမယ် ဆိုရင်ပေါ့
အဲလက်"
ဆိုတဲ့ စာတစောင်နှင့်အတူ အဲလက်ဟာ ပျောက်သွားခဲ့တာ အခုဆိုရင် (၁)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။"ကျတော့်ကို လိုက္မရှာပါနဲ့"
ဆိုပေမယ့် လီယိုကတော့ အဲလက်ပိုင်ဆိုင်တဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးအစ သူတို့အတူနေခဲ့ဖူးတဲ့ ကနေဒါ အထိ အဆုံး တနိုင်ငံလုံး အနှံ့ လိုက်ရှာဖွေခဲ့သလို၊သူ အလုပ်ကိစ္စနဲ့ ခရီးသွားတိုင်းလည်း ရောက်လေရာ နေရာ အနှံ့မှာ အဲလက်ကို ရှာဖွေခဲ့သည်။စိတ်ရောဂါ ဆေးရုံက CCTV မှတ်တမ်းအရ အဲလက်၏ဖခင်ဖြစ်သူက သေဆုံးသွားပြီတဲ့ အဲလက် အမေ အပေါ် မှာ သူအပြစ်ရှိတယ် လို့ ခံစားနေခဲ့ရတာ ဖြစ်ပြီး သူ့အမျိုးသမီးနောက် "လိုက်သွားကြရအောင်" ဆိုပြီး ကြိုတင် ခိုးဝှက် ဝယ်ယူထားတဲ့ ဓားနဲ့ အဲလက်ကိုလည်း ထိုးခဲ့သလို၊သူ့ကိုယ်သူ လည်း လက်ကောက်ဝတ်ကို လှီးကာ သေကြောင်းကြံစည် ခဲ့ခြင်း ဖြစ်သည်။
အဲလက်က ကံကောင်းလို့ အရေးပေါ် ခွဲစိတ်မှု လုပ်ကာ အသက်ကယ်နိုင်ခဲ့ပေမယ့် အဲလက် ၏ဖခင်ကတော့ နေရာမှာတင် အသက်သေဆုံးသွားခဲ့သည်။
နေရာအနှံ့ကို လိုက်လံရှာဖွေရုံသာမကပဲ နေ့ရက်တိုင်းမှာ အဲလက္များ ပြန်လာလေမလား? လို့ စောင့်မျှော်နေတတ်တာ လီယို ပင်ဖြစ်သည်။
အိမ်ရဲ့ အပြင်အဆင်၊ပရိဘောဂအထားအသိုတွေကို တခုမှ မပြောင်းလဲပဲ အဲလက်ရှိစဉ်ကအတိုင်း ပုံစံမပျက် ထားနေဆဲပင်၊သူရောက်လေရာ အိမ်ရဲ့နေရာ အနှံ့အပြားမှာ အဲလက်၏ ပုံရိပ်လေးတွေက ခုထိ မြင်ယောင်လို့ ရနေဆဲ။
ဆွေးရိပ်သန်းနေတဲ့ မျက်နှာနှင့် အမြဲတမ်းမျှော်လင့်စောင့်စားနေဟန်ရှိတဲ့ လီယိုကို မြင်တိုင်း အန်တီပေါ့တို့တတွေလည်း စိတ်မကောင်းဖြစ်ရသလို အက်နှင့် တွန် ၊ဆိုင်မွန်၊ဖီးလစ်တို့တွေအတွက်လည်း မြင်ရတာ စိတ်မချမ်းသာ ဖြစ်ရသည်။
BINABASA MO ANG
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...