ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၀)
မြေပြင်မှာ ကြွေကျနေတဲ့ သစ်ရွက်ကြွေတွေဟာ ဖြတ်တိုက်လာတဲ့ လေအရှိန်ကြောင့် မြေပေါ်မှာ ရှပ်တိုက်ပြေးနေကြသည်။ကြားေနရတဲ့ ငှက်ကလေးတွေရဲ့ အသံဟာ တျီတျီတျာတျာ သာသာယာယာလေး။
သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ တောအုပ်ငယ်လေးရဲ့ကြားက လူတွေဖန်တီးထားတဲ့ ရေတံခွန်ငယ်လေး ဘေးမှာ ခပ်သွယ်သွယ် ကိုယ်နေဟန်ထား ရှိတဲ့ ဖြူဖြူချောချော ယောက်ျားပျို လေးတယောက် ထိုင်နေသည်။ သူ့လက်ထဲမှာ သစ်ရွက်ကိုင်းလေးကို ကိုင်ကာ တရွက်ချင်း ခြွေချနေရင်း ပါးစပ်ကလည်း......."ငြီးငွေ့နေပြီ"
"မငြီးငွေ့ဘူး"
"ငြီးငွေ့နေပြီ"
"မငြီးငွေ့ဘူး"
လို့ ရေရွတ်နေသည်။
နောက်ကနေကြည့်တာတောင် ဂုတ်သားဖြူဖြူလေး။လက်သွယ်သွယ်လေး။ကိုယ်နေဟန် သွယ်သွယ်လေး နဲ့ ချစ်စဖွယ် ဖြစ်နေတာလေး ကို ကြည့်ရင်း အသဲတယားယားနှင့် နောက်ကနေ သိမ်းကြုံးကာ ပွေ့ဖက်လိုက်ချင်ပေမယ့်
ခြေသံမကြားအောင် အသာအယာ ချဉ်းကပ် သွားလိုက်သည်။နောက္ဘက်္မှာ သူရောက်နေမှန်းမသိဘဲ သစ်ရွက်တရွက်ခြွေလိုက်
"ငြီးငွေ့နေပြီ" လို့ရေရွတ်လိုက်၊
သစ်ရွက်တရွက်ထပ်ခြွေလိုက်
"မငြီးငွေ့ဘူး"
လို့ ရေရွတ်လိုက် လုပ်နေတာလေးကို ကြည့်ကာ နောက်ကနေ ကြိတ်ပြီးရယ်နေမိသည်။
ချစ်စရာကောင်းတဲ့ အဲလက်ရဲ့ ဟန်ပန်အမူအရာလေးကိုကြည့်ရင်း ညက အဖြစ်အပျက်ကို ပြန်တွေးမိသည်။
.................................
ညက သူတရေးနိုးလာတော့ သူ့လက္မောင်းပေါ်မှာ ခေါင်းအုံးကာအိပ်ပျော်နေတဲ့ အဲလက်ကို မြင်လိုက်ရရင်ပဲ ရင်ထဲ နွေးထွေးသည်။ကြည်နူးသည်။လုံခြုံသည်ဟု ခံစားရတာလေးကို စတွဲစဉ်ကတည်းက ခုထိ သဘောကျနေဆဲ၊
ရေဆာလာတာကြောင့် အောက်ထပ်ကို ဆင်းပြီး ရေချိုင့်ထဲက ရေကို ခွက်ထဲသို့ ငှဲ့နေဆဲ....."ရေဆာလို့လား အကိုလေး လီယို"
"ဟင်အန်တီပေါ့ ဟုတ်တယ်ဗျ ကျတော် ရေလာသောက်တာ အန်တီပေါ့ မအိပ်သေးဘူးလား?"
ESTÁS LEYENDO
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...