part 10

3.7K 173 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁၀)
အချစ်ခံရလွန်းတာ နည်းနည်းတော့ အနေရကြပ်ပေမယ့် အရင်လိုတော့ အရမ်းအထီးမကျန်ရတော့တာပေါ့လို့အဲလက်တွေးရင်း ပြုံးနေမိသည်။

လီယိုက တခုခုကို ဖန်တီးဖို့ idea ရပြီး ဖန်တီးတော့မယ်ဆိုရင် မိုးလင်းကနေ မိုးချုပ်အထိ သူ့အလုပ်ခန်းထဲမှာ တကုပ်ကုပ်နဲ့ စိတ်တိုင်းမကျမချင်း အလုပ်ပဲ လုပ်နေတတ်တဲ့ အလုပ်သရဲပေမယ့် သူ့ကို စောင့်နေရင်း တနေရာရာမှာ အိပ်ပျော်နေတဲ့ အဲလက် ကို ပွေ့ခေါ်သွားဖို့တော့ ဘယ်တုန်းကမှ မမေ့တတ်သူ။

အိပ်ကောင်းနေတုန်း ပွေ့ခေါ်ခံရတာတို့ အိပ်ရာထဲရောက်တာတောင် ကောင်းကောင်းမွန်မွန် ဆက္မအိပ်ရတော့ဘဲ ကလိခံရတာတို့ ဘယ်လောက် နေရခက်လဲ ?ဒါပေမယ့်လည်း မငြို ငြင်ရက်ပါဘူး သူပင်ပန်းလာတာပဲလေ ဆိုပြီး ကိုကြီးကိုနားလည်ပေးလိုက်ပါတယ်။

အခုဆို ဆေးရုံကဆင်းလို့ သူလီယိုအိမ်ကို ရောက်တာ တလနီးပါးရှိတော့မယ်။
တခုခုကို ဖန်တီးထုတ်လုပ်ပြီး ဘယ်လိုပုံစံနဲ့ ပဲ ထုတ်ရောင်းရောင်း Mr. လီယို တံဆိပ်နဲ့ ထုတ်တာတွေမှန်သမျှ ဘယ်တော့မှ ဈေးမပေါတာမို့ ငွေကြေးအတွက်ပူပန်ရတယ်ဆိုတာမျိုးက လီယိုအတွက် မဟုတ်တော့ဘူး။

လီယိုကို ချစ်လို့ အန်တီပေါ့တို့၊ ဆိုင်မွန်တို့လို လီယိုဝန်ထမ်းတွေ အားလုံးကလည်း အဲလက်ကို ချစ်ခင်ကြသည်။
အစကတည်းက ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတာကြောင့်လည်း ပါချင်ပါမယ်။ကျန်းမာရေး သိပ်မကောင်းဘူးလို့လည်းသိထားကြတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘာအလုပ်မှ မလုပ်ရတာကြောင့် အဲလက္မှာ ယောင်ချာချာဖြစ်နေရသည်။နောက်တော့ အန်တီပေါ့ မီးဖိုချောင်ဝင်တိုင်း အဲလက်က အချက်အပြုတ် ဝင်ဝင်ပြီး သင်တတ်သည်။အန်တီပေါ့ကို ကူညီတာဆိုရင်လည်း ဟုတ်သည်။အစားအသောက်ချက်ပြုတ်တာတွေ သင်ယူပြီး လီယိုအတွက် ချက်ပြုတ်ပေးချင်မိသည့်စိတ်ကြောင့်လည်း ဖြစ်သည်။

လီယိုက ဘယ်လောက်ကောင်းတဲ့ ဆိုင်တွေမှာ ကမ္ဘာပတ်ပြီး စားနေရပါစေ။အန်တီပေါ့ လက်ရာ သူကြိုက်သည့် ဟင်းတွေ၊အစားအသောက်တွေ စားရတာကို ပိုနှစ်သက်သည်။ဒါကို ကောင်းကောင်းကြီးမြင်တွေ့နေရတဲ့ အဲလက်က အန်တီပေါ့ လက်ရာလောက်နီးနီး ချက်ပြုတ်တတ်အောင် နေ့စဉ်နေ့တိုင်းပင် အန်တီပေါ့နှင့်အတူ မီးဖိုချောင်ဝင်လေ့ရှိသည်။
သူ့ရည်ရွယ်ချက်ကို ရိပ်မိနေသည့် အန်တီပေါ့က သူ့ကိုသဘောကျသည် စနစ်တကျသေသေချာချာ သင်ပေးသည်။အဲလက်ကလည်း စိတ်ပါလက်ပါနှင့်ပင် သင်ယူသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now