part 07

3.8K 182 0
                                    

ပန်းဥယျာဉ်လိုအချစ်
အပိုင်း(၇)
တကယ်တော့ အဲလက်အနေနဲ့
မနေ့ကလို နောက်ခံအကသမား
အဖြစ်နှင့်ပင် စင်ပေါ်တက်နိုင်ရန် အများကြီးကြိုးစားပြီးတော့ အချိန်တွေ အများကြီးလည်း စောင့်စားခဲ့ရသည်။

"နောက်ဆုံးတော့ စင်ပေါ်တက်နိုင်ခဲ့ပြီ"

ဆိုပြီး အကြိမ်ကြိမ်အခါခါ တွေးကာ ဝမ်းသာနေမိသည်။
ဒါပေမယ့် သူကြိုးစားမြဲ ကြိုးစားနေရန်လည်း ဆုံးဖြတ်ထားသည်။
မနေ့က လက်ဆောင်ရခဲ့တဲ့ Mr .လီယို တံဆိပ်ပါ ဖိနပ်လေးကို ဖွင့်ကြည့်မိပြီးတော့လည်း ကြည်နူးနေမိသည်။

အကလေ့ကျင့်တဲ့ နေရာမှာ သူ့ကို လာလာစောင့်ကြည့်တတ်တဲ့ ကားတစီးကို သူသတိထားမိလာပြီး အဲ့ဒီလူဟာ Mr.လီယို ဖြစ်လိမ့်မယ်လို့ သူတခါမှ မထင်ခဲ့ဖူးပါ။

သူဒေါသထွက်ထွက်နှင့် ကားတံခါးကို ဖွင့်ခိုင်းအပြီး လက်နှစ်ဖက်မြှောက်ကာ ထွက်လာတဲ့ လီယိုဟာ သူကြည့်ခဲ့ဖူးတဲ့ အင်တာဗျူး အစီအစဉ်တွေထဲကအတိုင်းပင်  ဒီအတိုင်းလေးရပ်နေရုံနှင့်ပင် ချောမောခန့်ညားလွန်းလှသည်။

အဲ့ဒီနောက်ပိုင်း မကြာခဏတွေ့ဆုံဖြစ်ကြသလို သူနဲ့တွေ့ရရင်လည်း ပျော်နေမိတာကို ကိုယ့်ကိုယ်ကိုယ်သိသည်။

ကတောင်
"မင်း အချိန်ရရင် ကိုယ့်ဆီလာခဲ့ပါ့လားအခု"
"Spa ဝန်ဆောင်မှုအတွက် ဆိုင်ကိုဖုန်းဆက်ပြောပါ ခင်ဗျာ"
"မဟုတ်ဘူး ကိုယ်မင်းနဲ့ ဒီအတိုင်းလေး ကော်ဖီသောက်ချင်တာ အခု"
"ကျတော် မအားဘူး"
"ကိုယ် အသစ်တခု လုပ်စရာရှိတယ် အဲ့ဒီလုပ်ငန်း မစခင် မင်းနဲ့ တွေ့ချင်တယ်"
".........."

လီယို့ဆီက နောက်ဆုံးစာကြောင်းကြောင့် အဲလက် ပြုံးကာ ခေါင်းခါလိုက်မိသည်။

အဆင့်တွေကို ကျော်လိုက်၊ပြန်ဆွဲချလိုက် လုပ်ကာ တရားဝင်လည်း ဝန်မခံပဲ အတွဲတွေလို လာချွဲနေတဲ့ လူကြီး.......

အဲလက်က သူ့ကို သဘောကျနေတယ်ဆိုတာကိုလည်း သိရဲ့သားနဲ့
တခါတခါကျ တွေ့ရမှာကိုပျော်သလို၊Play ခံနေရတာကိုလည်း အဲလက် မွန်းကြပ်သည်။

စိတ်ခံစားချက်တွေက ဘယ်လိုဖြစ်နေပါစေ နောက်ဆုံးကျ အဲလက် သူ့ဆီရောက်ရောက်သွားတတ်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now