part 46

2.1K 60 0
                                    

ပန်းဥယျာဉ်လို အချစ်
(အထူး အပိုင်းပို (၁))

မှန်နံရံလေး တချပ်သာ ခြားတဲ့ မီနီဘား လေးထဲမှာ ခေါင်းချင်းဆိုင်ပြီး စကားတပြောပြော လုပ်နေတဲ့ အမျိုးသား ခပ်ချောချော သုံးယောက်ကို ကြည့်ကာ
'ဟေဇယ်'ကတော နှုတ်ခမ်းလေး စူ ထွက်လာပါသည်။သူတယောက်တည်း စိတ်ကောက်နေရတာ အားမရလို့ အဲလက် နှင့် ဖီးလစ် တို့ ဘက်ကိုပါ လှည့်ကြည့်ပြီး

"သူတို့ သူငယ်ချင်း သုံးယောက်က လူစုံလာရင် ဒီလိုပဲလား? ဘေးက လူတွေကို ဂရုမစိုက်ကြတော့ ဘူးလား? "

ဟု မကျေမနပ် နှင့် လှမ်းပြီး တိုင်တည်လိုက်သည်။ဟေဇယ့် စကားကြောင့်
ကွတ်ကီးလေး တွေကို  ပုံစံမျိုးစုံ၊အရသာ မျိုးစုံ ရအောင် ပုံဖော်နေသော အဲလက်က ပြုံးလိုက်သလို၊

စက္ကူ ဗူး လှလှလေးတွေ ထဲကို ပုံစံစုံ၊အရသာစုံဖြစ်အောင် စီစီရီရီနှင့် လှလှပပလေး ဖြစ်အောင် စီထည့်နေသော ဖီးလစ် ကလည်း ရယ်လိုက်သည်။

ဒါကိုပင် ဟေဇယ် တယောက် မကျေမနပ်ဖြစ်ရသည်။

ကြည့်ပါအုံး.........

လူစုံပြီဆိုတာနဲ့
အဲလက်ကလည်း

"ကျတော် အကိုအက်တို့၊အကိုတွန်တို့ ပြန်ရင် လက်ဆောင်ထည့်ပေးဖို့ ကွတ်ကီးတွေ သွားဖုတ်လိုက်အုံးမယ်နော်"

ဟုဆိုကာ မီးဖိုခန်းသို့ ထွက်သွားသလို၊အကိုဖီးလစ်တယောက်ကလည်း

"အကိုလည်း လုပ်ကူမယ်လေ အဲလက်"

ဟု ဆိုကာ အဲလက်နောက်သို့ လိုက်သွားပြီး မီးဖိုခန်းထဲ ဝင်သွားကြသည်။ဟေဇယ် တယောက်တည်းသာ သူတို့ သူငယ်ချင်းသုံးယောက်နှင့် ကျန်ရစ်ခဲ့ရသည်။

အစပိုင်းတော့ ဟေဇယ့်မှာ အကြောင်းမသိပဲ ထိုင်နေမိတာပါ။ခဏကြာလာတော့ ဘေးမှာ လူတယောက်လုံး ထိုင်နေတာကိုပင် မမြင်ကြသည့်နှယ် သူတို့ အချင်းချင်းသာ စကားတွေ တိုးတိုး တိုးတိုးနှင့် ပြောနေကြသဖြင့် ဟေဇယ့်မှာ အဲလက်နှင့် ဖီးလစ်ရှိရာ မီးဖိုခန်းထဲသို့ သာ လိုက်လာရလေသည်။

မီးဖိုခန်းထဲကို ဟေဇယ်ဝင်လာတော့ အဲလက်ကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်

ပန်းဥယာဉ်လို အချစ်(Complete)Onde histórias criam vida. Descubra agora