part 47

1.9K 62 0
                                    

ပန်းဥယျာဉ်လို အချစ်
(အထူးအပိုင်းပို(၂))
အိပ်ရာက မနိုးသေးတဲ့ အဲလက်ကို ကြည့်ကာ လီယို ပြုံးနေမိသည်။ဘာရယ်မဟုတ်ပဲနဲ့လည်း ဒီမျက်နှာလေးကို မြင်တာနှင့် သူ့စိတ်ကို ကြည်နူးစေသည်။
မနေ့က ပို့လိုက်တဲ့ စက်ရုံထုတ် အဝတ်အစားတွေကို သူ့မန်နေဂျာက vcall ခေါ်ကာ သူ့ကို ပြနေတာမို့ သူ့မှာ Bae အနား ကပ်မနေနိုင်ပဲ စောစောစီးစီး အလုပ်ထလုပ်နေရသည်။
ဒါပေမယ့် Bae နံဘေးမှာပါပဲ ကုတင်ပေါ်မှာကိုး။

မနေ့က ဗိုက်ပူပူ လုံးလုံးလေးနဲ့ ဟေဇယ့်ကို သတိရလိုက္မိပြန်သည်။တွန်မီကတော့ သူ့အမျိုးသမီးလေး ကိုယ်ဝန်လွယ်နေရပြီလို့ သိကာစ က သူနှင့် အက်ရှေ့မှာပင် ဟန်မဆောင်နိုင်အောင်ပျော်နေလိုက်တာများ တချက်၊တချက်ကျ ဂုဏ်ယူပေးနိုင်ပေမယ့် တချက်၊တချက်ကျ ဖနောင့်နှင့် ပေါက်ချင်စရာ ကောင်းလှသည်။သူက အက်ကို အဲ့ဒီအတိုင်းပြောတော့ အက်ဘယ်ဝါရင်းက သူလည်း တခါတခါကျ အဲ့ဒီကောင်တွန်မီကို ဖနောင့်နှင့် ထ ထပြီး ပေါက်ချင်ကြောင်း ပြောပြသည်။

ဘာပဲဖြစ်ဖြစ် လီယို့မှာတော့ ကလေးလေး မရှိပေမယ့် သူ့နံဘေးမှာ အိပ်ပျော်နေဆဲ ဒီချစ်စရာ ကောင်လေးတယောက်တော့ ရှိနေသေးတာပဲလေ။ခုထိ ဒီကောင်လေးကိုပင် သူ့မှာ ချစ်လို့ မဝနိုင်သေး။အရိပ်တကြည့်ကြည့်နှင့် အချစ်ခံရဖို့ ထိုက်တန်သူလေးမို့ပါ။

ခဏအကြာမှာတော့ အဲလက္မျက်လုံးလေးတွေ ဖွင့်လာကာ ခန္ဓာကိုယ်ကလည်း လူးလွန့်လာပြီး သူ့နံဘေးမှာ ဂျိုင်းပေါက်တော်တော်ကို ကျယ်တဲ့ ဒီဇိုင်းနဲ့ စွပ်ကျယ်ကို ဝတ်ထားတဲ့ လီယို၏
လက္မောင်းကြွက်သားများ၊ရင်အုပ်များ၊ပခုံးကျယ်ကျယ်များ ၊ဗိုက်ကြွက်သားများ၊လက်ကောက်ဝတ်က ‌အကြောများကို အဲလက်က ပြုံးပြုံးကြီးနှင့် နေရာအနှံ့ သူ့လက်ဖြူဖြူလေးနှင့် ပွတ်သပ်နေသည်။

လီယိုတယောက် သဘောကျကာ လုပ်နေတဲ့ အလုပ်ကို ချက်ချင်းပင် လက်စသတ်ပစ်လိုက်သည်။

ညတုန်းက သူ အစောကြီး အိပ်ပျော်သွားသည် မဟုတ်လား?။အခု Bae က ဘာအထာလဲ? သူ့ကို ဆွဲဆောင်နေတာလား?
ဟုတွေးကာ အဲလက်၏ လက်နှစ်ဖက်ကိုကိုင်ကာ ဗြုန်းဆို အဲလက်ကိုယ်ပေါ်သို့ သူ့ကိုယ်လုံးကြီးနှင့် အုပ်မိုးလိုက်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now