part 27

2.1K 88 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၇)
အသည်း‌ပူပေါင်းလေးတွေကို သူတို့ရဲ့နှစ်ယောက်အိပ် အခန်းကျယ်ကြီးရဲ့ မျက်နှာကျက္မှာ အပြည့် ဖြည့်ပြီး ချိတ်ဆွဲထားလိုက်တယ်။

ကြမ်းခင်းနှင့်အပြည့်မှာ လူလျှောက်လမ်းလေးသာ ချန်ထားပြီး ပန်းရောင်နှင်းဆီပန်းပွင့်တွေ အပြည့် ခင်းကျင်းထားလိုက်တယ်။

စားပွဲခင်းပန်းရောင်နုနုလေး ခင်းထားတဲ့ စားပွဲပေါ်မှာ အသည်းပုံ ချောကလက် ကိတ်ကို တင်လိုက်ပြီး အခန်းနံရံတွေမှာ သူတို့နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံတွေကို နှစ်အလိုက် အပြည့်ကပ်ထားတယ်။

ကုတင်ပေါ်မှာ မွေ့ရာစွပ်၊စောင်အစွပ်၊ခေါင်းအုံးအစွပ်တွေ အကုန်လုံးဟာ ပန်းရောင်တွေချည်းသာ ဆင်ယင်ထားသည်။

အနံ့ပါတဲ့ ဖယောင်းတိုင်လေးကို အပြီးသတ်‌အနေနဲ့ ထွန်းညှိလိုက်ပြီး

အခန်းပတ်ပတ်လည်ကို ကြည်ကြည်နူးနူး ဝေ့ဝဲကာ ကြည့်ရှုလိုက်ရင်း

"ဒါတွေက မင်းကို ချစ်တဲ့ ငါ့အချစ်တွေပါပဲ Baby ရယ်"

လို့ လီယို တိုးတိုးလေးရေရွတ်လိုက်သည်။ပြီးတော့ တခုခုကို သတိရသွားဟန်ဖြင့် ဘီရို နံဘေးကို သွားကာ အံဆွဲထဲက စုံတွဲလက်စွပ်ဗူးကို ယူပြီး ဘောင်းဘီ အိပ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။

မနက်က သူနှင့်အန်တီပေါ့က ဇာတ်လမ်းတွေ ဆင်ပြီးတော့ အဲလက်ကို အန်တီပေါ့နှင့်အတူ ဈေးဝယ်လိုက်သွားစေဖို့ ဖန်တီးလိုက်ရသေးသည်။

အဲလက်နှင့်အန်တီပေါ့တို့ လိုက်ပါသွားသည့် ကားလေး အိမ်ထဲ ထွက်သွားသည်နှင့် လီယိုတယောက် အိပ်ခန်းထဲကို ဝင်ကာ ပြင်ဆင်ထားခြင်းဖြစ်သည်။

အရင်တခါလို ဝန်ထမ်းကလေးတွေ မခိုင်းတော့ဘဲ သူကိုယ်တိုင် သူ့လက်အစုံနှင့် ပြင်ဆင်ပေးချင်နေမိသည်။
ခဏအကြာ အဲလက် ပြန်ရောက်လာလို့ မြင်သွားရင် ဘယ်လောက်တောင် ပျော်နေလိမ့်မလဲ ဆိုပြီး တွေးကာ လီယိုတယောက်အူမြူးနေ‌သည်။

"ဟင်.....
ကိုကြီး"

အခန်းတံခါးဝမှာ အံ့ဩနေတဲ့ အဲလက်၏ပုံစံလေးကြောင့် လီယို အဲလက်ဆီကို တလှမ်းချင်းလျှောက်သွားနေမိသည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now