ပန်းဥယျာဉ်လို အချစ်
အပိုင်း(၅၀)ဇာတ်သိမ်းပိုင်းဒီနေ့ အဲလက်၏ဆိုင်မှာ အထူးအော်ဒါရှိတာမို့ ဟင်းပွဲတွေ စီမံချက်ပြုတ်ရန် အဲလက် ကိုယ်တိုင် ဝင်ရောက် စီမံချက်ပြုတ်နေလေသည်။
စားဖိုမှူးတွေ လက်ထောက်စားဖိုမှူးတွေနှင့် အဲလက်တယောက် အလုပ်တွေရှုပ်နေတုန်းမှာပဲ ကိုကြီးလီယိုဆီက ဖုန်းဝင်လာသည်။"ဟယ်လို ကိုကြီး"
"Bae ကိုယ် အခု ဒါရိုက်တာ အစည်းအဝေး တက်ဖို့ရှိနေတယ် သားသားကျောင်းက ဖုန်းဆက်နေတယ် မင်းသားရန်ဖြစ်လို့တဲ့ သွားကြည့်ပေးလို့ရမလား ?"
သားက ရန်ဖြစ်လို့ ဆိုတဲ့ အသံကြောင့် အဲလက် ခေါင်းနပန်းကြီးသွားရသည်။အဲလက်ရော၊လီယိုရောက သားသားကိုဆို မေတ္တာနှင့်ပြုစု ပျိုးထောင်ပေးခဲ့တာမို့ သားသားက ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြုမူလေ့ပင်မရှိတာကို။"ရန်ဖြစ်လို့ ကျောင်းက ခေါ်တယ်"ဆိုတာ အဲလက် ဆက္မတွေးရဲတော့ အေပရွန်ကိုချွတ်ကာ စားဖိုမှူးခေါင်းဆောင် လက်ထဲအပ်လိုက်သည်။စားဖိုမှူးတွေ အစုံအလင်ရှိနေလို့လည်း သူစိတ်ချ၊လက်ချ ထားခဲ့ပြီး ထွက်လာလို့ရသည်မဟုတ်လား?
အဲလက္မောင်းလာသော ကားလေးက သားသားဂျက် တို့ ၏ ကိုယ်ပိုင်မူကြိုကျောင်းလေး ရှေ့သို့ ရပ်သွားသည်။
အဲလက် ကားပေါ်က ဆင်းလိုက်လျှင် အကိုအက်ကားလေး မောင်းဝင်လာတာကိုမြင်ရသည်။အဲလက် အကိုအက်ကို နုတ်ဆက်လိုက်သည်။အကိုအက် ကလည်း အဲလက်ကို ပြန်နုတ်ဆက်သည်။ပြီးတော့
"ဂျိတ်ဘီ ရန်ဖြစ်တယ်ဆိုလို့ လာတာ အဲလက်ကရော "
အကိုအက်စကားကြောင့် အဲလက်စိတ်ထဲ တွေကနဲ ဖြစ်သွားရသည်။
"ကျတော်တို့ ဂျက်လည်း ရန်ဖြစ်တယ်ဆိုလို့လေ အကိုအက်"
သူတို့နှစ်ယောက် စကားပြောနေတုန်း ပင် ဟေဇယ်ကားလေးလည်း ဝင်လာတာကိုတွေ့လိုက်ရသည်။
"အမဟေဇယ် မင်္ဂလာပါ"
"မင်္ဂလာပါ အဲလက်""ညီမ ဟေဇယ် မင်္ဂလာပါ"
"မင်္ဂလာပါ အကိုအက်""အိမ်က လီလီတို့တော့ ပြဿနာရှာထားပြန်ပြီ အကိုအက်ရေ သူတို့ ဆရာမက ဖုန်းဆက်ခေါ်လို့လေ ကိုကိုက မအားတော့ ကျမပဲလာရတယ်"
YOU ARE READING
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခဲ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...