ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၉)အဲလက် ရေချိုးပြီး ထွက်လာတော့ ကိုကြီးက အိပ်ရာပေါ်မှာ ရောက်နေပြီ။
"အစောကြီး အိပ်တော့ မလို့လား? ကိုကြီး"
"လာ ကိုယ့်လက်မောင်းပေါ် လာပါအုံး မနက်ခင်းက ဟေဇယ်တို့ ဖီးလစ်တို့နဲ့ ဘာတွေ ပြောဖြစ်ကြလဲ? ပြန်ပြောပြပါအုံး"
အဲလက်လည်း ကုတင်ပေါ်တက်သွားလိုက်ပြီး ကိုကြီးလက်မောင်းပေါ် ခေါင်းလေးအုံးကာ လှဲလိုက်သည်။
"အမဟေဇယ်က အကိုဖီးလစ်ကို Food Truck ပို့ပေးတာပါ
ပြီးတော့.........
အင်း သူများအတွင်းရေးဆိုပေမယ့် မကောင်းတဲ့သတင်းလည်း
မဟုတ်ပါဘူး ပြောလို့ရလောက်မှာပါ
အကိုဖီးလစ်က အကိုအက်ကို ကလေးလိုချင်နေလိမ့်မယ်လို့ ထင်နေတာ
တကယ်တမ်းကျ အကိုအက်က ကိုကြီးလိုပဲ ရူးရူးမူးမူး လိုချင်တယ်လို့ မပြောလို့ စိတ်ကောက်နေတဲ့ အကြောင်းရင်ဖွင့်တာ ဒီလောက်ပါပဲ""အင်း တကယ်တမ်းကျတော့ ကလေးမလိုချင်တာ မဟုတ်ပါဘူး ကိုယ်တို့တွေက အလွယ်တကူတောင်းဆိုလို့ မရတဲ့ အနေအထားတွေလေ စပြီးတော့ ကိုယ်တို့ကိုယ် ကိုယ်တို့လက်ခံဖို့ ကြိုးစားကတည်းက ဒီလို မလွယ်ကူတဲ့အရာတွေ၊ခက်ခဲတာတွေကိုပါ လက်ခံနိုင်ဖို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားခဲ့တာ ဆိုတော့ ခံနိုင်ရည်ရှိနေတာလည်း ပါတာပေါ့
ခံနိုင်ရည်ရှိချင်ယောင်ဆောင်တာလည်းပါတာပေါ့"ကိုကြီးစကားကြောင့် အဲလက် ဘာမှ ပြန်မပြောတော့ပဲ ကိုကြီးကိုသာ ဖက်ထားမိတော့သည်။
'"ဒါနဲ ကိုယ်မေးမယ် မေးမယ်နဲ့မမေးဖြစ်ဘူး မင်းပျောက်သွားတဲ့ တနှစ်မှာဘယ်ကိုသွားနေနေတာလဲ?
"ကျတော် ကနေဒါမှာပဲ ရှိနေတာ ကိုကြီး
ကျတော်နဲ့ကျောင်းအတူတူ တက်ခဲ့တဲ့ အဖြူတယောက်ရှိတယ်လေ သူကကျေးလက် ကိုပြန်ပြီး စားသောက်ဆိုင်ဖွင့်တာ
ကျတော်လည်း သူနဲ့ အတူလိုက်သွားပြီးနေနေတာ"အဲလက်စကားကြောင့် ကိုကြီးက လန့်သွားပြီး အဲလက်ကို လက်ညှိုးထိုးကာ
"ဟေ့"
ဟုအော်လိုက်သည်။
အဲလက်က ပြုံးပြုံးလေးနှင့် ကိုကြီးလက်ညှိုးကြီးကို သူ့လက်ကလေးနှင့်ကိုင်လိုက်ပြီး လက်ညှိုးကို သိမ်းလိုက်ကာ
YOU ARE READING
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခဲ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...