part 18

3K 124 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း (၁၈)
အခုတလော လီယိုတယောက်လည်း သူ့ရဲ့များပြားလာတဲ့ ငွေကြေးတွေကို၊ သူလည်း စိတ်ပါဝင်စားပြီး လေ့လာထားတဲ့
၊စိတ်လည်းချရလောက္မယ့်၊အောင်မြင်ဖို့လည်း အလားအလာ ရှိမယ့် လုပ်ငန်းတချို့မှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် နယ်ပယ်အသစ်‌ေတွကို လေ့လာနေတာမို့  သိပ်လည်း အချိန်တွေ မအားလပ်သလို

စားဖိုမှူးခေါင်းဆောင်အဖြစ် ရာထူးတိုးသွားပြီဖြစ်တဲ့ အဲလက်ကလည်း အရင်အတိုင်း ပဲ မအားလပ် ပါဘူး။

အချိန်တွေ မအားကြတာမို့ မတွေ့ဖြစ်ကြတာမျိုးတော့ မဖြစ်ပါဘူး။အခုပဲကြည့်လေ အဲလက် အလုပ်လုပ်တဲ့ ဆိုင်မှာ လီယိုတယောက်နေ့လည်စာ လာစားနေတာ။ဘယ်လောက်တောင် ခဏ၊ခဏ လာပြီး စားနေသလဲဆိုရင် အဲလက်ရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးက ပင် သိနေကြပြီဖြစ်သည်။

အဝေးကနေ လှမ်းကြည့်တာတောင့် သူ့ချစ်သူ စားဖိုမှူးလေးက ဝတ်စုံလေးနှင့် ကြည့်ကောင်းနေတာမို့ စကားမပြောရ၊မပြောရ အဝေးကနေ လှမ်းပြီး တချက်လောက်ပြုံးပြရင် လုံလောက်တာမို့ အဲလက်ကို သတိရတိုင်း အဲလက်တို့ဆိုင်ကို
လာ၊ လာ စားဖြစ်သည်။

ထမင်းစားရင်း အလုပ်လုပ်နေတာမို့ လက်တော့ တလုံးနှင့် အလုပ်ရှုပ်နေသည့် သူ့ IG account မှာ နိုတီတွေ တက်နေတာကြောင့် သူဝင်ဖတ်လိုက်မိသည်။

သူနှင့် အဲလက်၏ ပုံအောက္မှာ ရေးထားတဲ့ comments တွေကို ဖတ်ပြီး လီယိုတယောက်တည်း ပြုံးနေမိသည်။

အရင်တုန်းကတော့ အဲလက်ကို မကောင်းတဲ့ မှတ်ချက်တွေ ပေးကြပေမယ့်
အခုတော့
"အိုး Mr.လီယိုတို့အတွဲပဲ ချစ်စရာကောင်းလိုက်ကြတာ"

"တယောက်ကိုတယောက် ချစ်နေကြပုံပဲနော် ကြည့်ရတာ ကြည်နူးလိုက်တာ"

"Mr.လီယိုက အနုပညာရှင်မဟုတ်ပေမယ့် အရမ်းကြည့်ကောင်းလို့ လိုချင်မိတဲ့ အမျိုးသားလေ အခုတော့ ဘဲနဲ့တဲ့လား?"

"အိုး သူ့ကောင်လေးက စားဖိုမှူးတဲ့ ချောတယ်နော် သူအလုပ်လုပ်တဲ့ဆိုင်ကို တို့ရောက်ဖူးပြီးပြီ"

"သူ့ကောင်လေး စားဖိုမှူးဖြစ်အောင် သူကပျိုးထောင်ပေးထားတာ"

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now