ပန်းဥယျာဉ်လို အချစ်
အပိုင်း(၃၉)
အကိုတွန်က ကားကို မောင်းလာရင်း ကိုကြီးလီယိုနှင့် စကားတွေ ပြောနေကြပေမယ့် အဲလက်ကတော့ နောက်ခန်းထဲမှာ တယောက်တည်း ထိုင်နေပြီး အတွေးများနေသည်။အကိုအက် ၏ ကွန်ဒိုကို ရောက်လျှင် အကို ဖီးလစ်က ရှိနေမှာလား? ရှိနေလျှင် အကိုအက်ရယ်၊အကိုဖီးလစ်ရယ်၊အဲလက်ရယ် ဘယ်လိုက ဘယ်လို စ ပြီး စကားပြောရပါ့မလဲ?သက်တောင့်၊သက်သာ ဖြစ်ပါ့မလား? ဟု တွေးပူးနေသည်။မီးပွှိုင့်မှာ ကားရပ်ပြီး အကိုတွန်နှင့် ကိုကြီးလီယိုက ဘာကို သဘောကျလို့မှန်းမသိ ရယ်နေကြပြန်သည်။အဲလက်တယောက်တည်းသာ အတွေးများနေဟန် တူသည်။အို.... သက်တောင့်၊သက်သာ ဖြစ်မှာပါလို့ တွေးလိုက်ပြီး အတွေးပေါင်းစုံအား ခေါင်းကို ခါယမ်းပြီး နှင်ထုတ်ပစ်လိုက်သည်။
မီးစိမ်းပြီဆိုပြီး အကိုတွန် က ကားကို မောင်းထွက်လိုက်ပေမယ့် ရှေ့က ကား၏ နောက်ပိုင်းကို ထိသွားသည်။
ရှေ့က ကားက ဘီးလှိမ့်နေရာမှ ရုတ်တရက် ရပ်သွားသောကြောင့်ဖြစ်သည်။ရှေ့ကကားကိုမောင်းတဲ့ ကောင်မလေးကရော အကိုတွန်ရော ကိုကြီးလီယိုရော ကားပေါ်က ဆင်းကာ ဘာဖြစ်သွားသေးလဲ? ဆိုပြီး ကိုယ့်ကားကိုယ် ကြည့်နေကြသည်။နှစ်ဖက်လုံး၏ ကားများ ဘာမှ မထိခိုက်မိပေမယ့် အကိုတွန်က ရှေ့ကကားကိုမောင်းသည့် မိန်းကလေးဆီမှ ဖုန်းနံပါတ်တောင်းလာပြီး သူ့ဖုန်းနံပါတ်ကို လည်း ပေးခဲ့လိုက်သေးသည်။
လူမမာ ဖြစ်နေတယ် ဆိုပေမယ့် တော်တော် သက်သာ နေဟန် ရှိနေပါသည်။အကိုအက်က ပြုံးရွှင်နေသည်။
"လာလေ အဲလက်"
နောက်ဆုံးမှာ တွေတွေဝေဝေ ပုံစံနှင့် ရပ်နေသော အဲလက်ကို အကိုအက်က ခေါ်သည်။
သိတဲ့အတိုင်း သူတို့သူငယ်ချင်း သုံးယောက် ဆုံကြတော့ စကားတွေ ပြောနေလိုက်ကြတာ လေတိုးလို့တောင် ရမယ်မထင်။အဲလက်နှင့်အကို ဖီးလစ်ကမူ ငြိမ်နေကြသည်။အဲလက်က အကိုဖီးလစ်ကို တချက်၊တချက် ခိုးငေးနေမိသည်။အကို ဖီးလစ် ၏ အသားအရောင်က မဖြူပေမယ့် ဝင်းနေသည်။လက္မောင်းက ကြွက်သာတွေက ပြေပြေပြစ်ပြစ်နှင့် လက်မောင်း အရမ်းလှသည်။နှုတ်ခမ်းထူထူ ပြည့်ပြည့်ကလည်း တမျိုးဆွဲဆောင်မှု ရှိသည်။
![](https://img.wattpad.com/cover/333704679-288-k674443.jpg)
BINABASA MO ANG
ပန်းဥယာဉ်လို အချစ်(Complete)
Romanceကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခဲ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...