part 42

1.8K 67 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၂)
အခုအချိန်ထိကို အိပ်ရာထဲက စောင်ပုံတွေကြားမှာ အိပ်ပျော်နေတဲ့ ဖီးလစ်ကို ကြည့်ကာ တချက်ပြုံးလိုက်ပြီး အက်ဘယ်ဝါရင်းတယောက် မီးဖို ဘက်သို့ ထွက်လာခဲ့သည်။
ဖန်ဇလုံလေးထဲကို ကြက်ဥ နှစ်လုံးဖောက်ထည့်လိုက်သည်။ပြီးတော့ နွားနို့အနည်းငယ်ရောထည့်လိုက်သည်။သမအောင် မွှေခလောက်ပြီး ပေါင်မုန့်ချပ်လေးတွေ ထည့်စိမ်လိုက်သည်။
အကြော်အိုးထဲကို ထောပတ်အတုံးလေးနှစ်တုံးထည့်ကာ အပူပေးလိုက်ပြီး ကြက်ဥနှင့်နွားနို့ထဲ ထည့်ထားသည့် ပေါင်မုန့်ချပ်လေးတွေကို အိုးထဲကိုထည့်ကာ ကြော်လိုက်သည်။ကြော်ပြီး ပန်းကန်ပြားလှလှလေး နှစ်ချပ်ထဲ ထည့်ထားလိုက်သည်။

ပန်းသီးလေးတွေကို အခွံခွာလိုက်သည်။ပြီးတော့ ဖျောရည်ကြိတ်စက်ထဲ ထည့်ကာ ပန်းသီးဖျော်ရည်တွေကို ခွက်ရှည်မျောမျော လှလှလေးတွေထဲ ထည့်လိုက်သည်။ အက်ဘယ်ဝါရင်းမှာ ယောက်ျားလေး တယောက်ဖြစ်သော်လည်း ပန်းကန်လှလှလေးတွေ၊ခွက်လှလှလေးတွေ ဝယ်စုရတာ ဝါသနာပါသည်။ဖျော်ရည်စက်၊အကြော်အိုး၊ပေါင်းအိုး၊အကင်စက်၊ပေါင်မုန့်မီးကင်စက်၊ဟင်းချက်အိုး၊ဟော့ပေါ့အိုးလို မျိုးပစ္စည်းတွေကိုလည်း ဝယ်ရတာ ဝါသနာပါသည်။

အိမ်ထဲတွင်ထားရန် အလှစိုက်ပန်းပင်အမျိုးမျိုး ဝယ်ထားပြီး ပြုစုပျိုးထောင်ရတာကိုလည်း သဘောကျသည်။
စာအုပ်စင်လှလှလေးနှင့်စာအုပ်တွေ ဝယ်စုရတာကိုလည်း နှစ်ခြိုက်သည်။ရုပ်ရှင်ကားကောင်းတွေ ၊သီချင်းအယ်ဘမ်တွေ၊ပန်းချီကားတွေ ဝယ်ရတာတွေကိုလည်း ကြုံရင် ကြုံသလိုလုပ်သည်။
သူ့အိမ်ထဲတွင် ပရိဘောဂ လှလှလေးတွေနှင့် အိပ်ရာခင်း၊ခြုံစောင်၊ကော်ဇောအခင်းလေးတွေ၊ခန်းဆီးလိုက်ကာတွေကအစ လှလှပပ၊သပ်သပ်ရပ်ရပ်၊စီစီရီရီ
စနစ်တကျရှိနေတတ်သည်။

အားတဲ့ အချိန်ဆို ဟင်းချက်တာမျိုး၊အချိုပွဲမုန့်တွေ လုပ်တာမျိုး၊သစ်ပင်ပြုစုနေတာမျိုး၊ရုပ်ရှင်ကြည့်နေတာမျိုး၊စာဖတ်နေတာမျိုး၊အချိုပွဲ စားရင်း သီချင်းနားထောင်နေတာမျိုးတွေဟာ သူ့အတွက်အပန်းဖြေနည်း တမျိုးဖြစ်နေတတ်သည်။
အစားအသောက်ကောင်းကောင်းစားသလောက် စက်ပေါ်မှာပြေးတာမျိုး၊ယောဂ ကစားတာမျိုးတွေလည်း မှန်မှန်လုပ်တာမို့ ဝိတ်မတက်ပေမယ့် တော်တော်ကိတ်တဲ့ ကြွက်သားအပြည့်နဲ့ ကိုယ်ခန္ဓာ အချိုးအစားမျိုးမို့ အားကိုးရင်ခုန်ချင်စရာ စိုပြေထွားကျိုင်းနေတတ်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now