part 21

2.5K 105 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၁)
အပြစ်ရှာချင်လို့တော့ မဟုတ်ပေမယ့် တခုခုများ ပေါ်ထွက်လာလေမလား?ဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်ခံရတာဟာ တော်တော် ကြီးကို စိတ်မသက္မသာ ဖြစ်စရာပါ။

ဒါပေမယ့်လည်း ဘယ်လောက်ပဲ နေရ၊ထိုင်ရတာ ကျဉ်း ကြပ်နေပါစေ  အဲလက်ရဲ့ စိုးရိမ်စိတ်စွက်နေတဲ့ မျက်ဝန်းလေးတွေ၊မျက်နှာလေးတွေ မြင်လိုက်ရရင် သူ့မှာ မငြို ငြင်ရက်၊အပြစ်မမြင်ရက်သည့်အပြင်

"ကိုယ့် ကို မရစ်ပါနဲ့"

"ကိုယ်နေရ၊ထိုင်ရ အရမ်းကျဉ်းကြပ်အောင်မလုပ်ပါနဲ့"

"ကိုယ့်ကို မယုံဘူးလား?"

ဆိုတဲ့ စကားလုံးတွေကိုတောင် ပြောမထွက်ရက်သလို၊လေသံမာမာနဲ့တောင် မညည်းညူရက်ဘူး။

တခါ၊တခါ အလုပ်ရှုပ်နေတဲ့အချိန်မျိုး မှာများ စောင့်ကြည့်ခံလိုက်ရလို့ ဒေါသတွေ တလိပ်လိပ်ထွက္မိရင်တောင် အဲလက္ မျက်နှာလေးကို မြင်လိုက်ရရင် 'ဟုတ်ကနဲ ငြိမ်းသွားတဲ့ မီးပုံ' လိုပဲ ချက်ချင်းကို လီယို့ စိတ်တွေ နူညံ့ ပျော့ပျောင်းသွားရသည်။

"အဟင်း ဒီလိုဆိုတော့လည်း ဒီကောင်လေးက အချစ်ခံဖို့ မွေးဖွားလာတာများလား?"

လူက ဂေါက်သာ ရိုက်နေရတယ် စိတ်က သူ့ကို မလှမ်းမကမ်းမှာ ထိုင်ကြည့်နေတဲ့ အဲလက်ဆီသို့သာ အတွေးများက လွင့်ပျံ့နေသည်။

တကယ်ဆို သူ့သူငယ်ချင်း‌ေတွ ဖြစ်တဲ့ အက် ရယ်၊တွန် ရယ် သူရယ် အလုပ်ကိစ္စလေးတွေ ပြောရင်း လီယို့ ခြံထဲက ဂေါက်ကွင်းလေးထဲမှာ ဂေါက်လာရိုက်ကြရုံပါပဲ။

အဲ့ဒါကိုတောင် အခါတိုင်းလို အန်တီပေါ့ နဲ့ မီးဖိုဆောင် မဝင်ဘဲ သူတို့နောက်ကို လိုက်လာသည်။ချည်သား ခါးမျှော့ရှုံးဘောင်းဘီရှည် အပွနှင့် ချည်သား တီရှပ်အဖြူလေးနှင့် ပေါ့ပေါ့ပါးပါး ပုံစံလေးနဲ့ တောင် ကြည့်ကောင်းနေတဲ့ သူ့ကောင်လေး အဲလက်ကို ပဲ သူ့မှာ ကွက်ကြည့်၊ကွက်ကြည့် လုပ်နေရသည်။

ဒီလောက် ချစ်မဝ၊ကြည့်မဝ ဖြစ်နေတဲ့ သူ့ကိုမှ ငြီးငွေ့နေပြီလားရယ်လို့ သံသယဝင်ကာ စောင့်ကြည့်ခံနေရတဲ့ သူ့အဖြစ်ကိုလည်း သူရယ်ချင်မိသည်။

ပန်းဥယာဉ်လို အချစ်(Complete)Où les histoires vivent. Découvrez maintenant