ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၆)
ဆူဆူညံညံ အသံကြောင့် လီယို အိပ်ပျော်နေရာကနေ နိုးလာသည်။သူ့နံဘေးမှာ အိပ်ပျော်နေသော အဲလက်က ရင်ဘတ်တွေ ရှိုက်ဖိုနေအောင်ပင် မောမောပန်းပန်းပုံစံနှင့် "အမေ အမေ "
ဟု ရေရွတ်နေတာမို့
လီယို ကမန်းကတမ်း ပင် ပွေ့ဖက်ပြီး ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ်ပင် ဖက်ထားလိုက်ပြီး...."Bae ကိုယ် ရှိတယ် ......
ကိုယ်ရှိတယ်..... ဘာမှမဖြစ်ဘူး အားလုံးကောင်းသွားမှာနော်" လို့ တတွတ်တွတ်ရေရွတ်ပေးနေမိသည်။ဆံနွယ်လေးတွေကိုသပ်တင်ပြီး နဖူးလေးကို နမ်းရှိုက်လိုက်တော့ အဲလက် ယောင်နေရာမှ နိုးလာသည်။သူ့ကို ပွေ့ဖက်ထားသော လီယို့ကို မြင်လျှင် အားကုန် ကြုံးဖက်လိုက်ပြီး ချုံးပွဲချကာ ငိုနေတော့သည်။
လီယိုကမူ ဘာစကားမှ မဆို တုန်ယင်နေသည့် အဲလက် ကိုယ်ခန္ဓာလေးကိုသာ ပွေ့ဖက်ထားရင်း နှစ်သိမ့်နေသည်။
...................
အခန်းမီးကို မထွန်းမိသေးဘူး။
စာကြည့်မီးအိမ်လေးရဲ့ အရောင်က နှစ်ယောက်အိပ် အခန်းကျယ်ကြီးထဲမှာ ပျပျလေး လင်းနေသည်။မှန်ပြင်ကျယ်ရဲ့ တဘက်မှာ မှန်ခန်းလသာဆောင်ကိုမြင်ရပြီး ကျန်တဘက်မှာတော့ သစ်ပင်၊သစ်ကိုင်း၊သစ်ရွက်တွေရဲ့ လေအဝှေ့တိုင်းမှာ လှုပ်ရှားနေတာကို မြင်ရသည်။
လီယိုက ကုတင်ပေါ်မှာ ထိုင်နေပြီး အဲလက် ကမူ လီယိုပေါင်ပေါ်တွင် လဲလှောင်းနေသည်။ပျပျကလေးသာ လင်းတဲ့ အလင်းရောင်အောက်မှာလည်း အဲလက်က ချောမောတောက်ပနေဆဲပင်။
ငိုရတာ မောသွားသည်ထင် အခု မငိုတော့ပဲ သူ့ကို ငုံ့ကြည့်နေသော လီယို့ ခေါင်းက ပုံမသွင်းထားသည့် ဆံနွယ်တွေကို ကိုင်ကာ ကစားနေသည်။ပြီးတော့
"ကျတော် အိမ်မက္ဆိုးတွေ မက်ပြန်ပြီ ကိုကြီး"အလင်းရောင်အားနည်းသည့်ကြားက လီယို၏ အပြုံးဖျော့ဖျော့ကို မြင်ရသည်။
"အင်း ကိုယ်သိတယ် Bae"
"ကိုကြီး စိတ်အနှောက်အယှက္မဖြစ်ဘူးလားဟင်"
"မင်းသာ ကိုယ့်ဘဝထဲ မဝင်လာခဲ့ရင် ပိုပြီးတော့တောင် စိတ်အနှောက်အယှက်ဖြစ်အုံးမယ်......
အဲ့တာကြောင့် ကိုယ်နဲ့ပါတ်သက်ပြီး ဘယ်အရာကိုမှ မစိုးရိမ်နဲ့"
أنت تقرأ
ပန်းဥယာဉ်လို အချစ်(Complete)
عاطفيةကျွန်တော့်မျက္မြင်မှာပဲ BL Actor တစ်ယောက်ကို ထားရစ်ခံ့ဖူးတဲ့ ကိုကြီး က ကျွန်တော့်လို အညတရ ကောင်လေးကိုရော တစ်ချိန်မှာ မထားခဲ့ဘူး လို့ ပြောလို့ရပါ့မလား? ကျွန်တော်လေ ကိုကြီးရဲ့ အချစ်တွေကို ယုံလည်း ယုံကြည်တယ်။တစ်ချိန်တည်းမှာပဲ ယုံလည်း မယုံကြည်ဘူး။ ဘာ်အ...