အခန်း ( ၄ ) [ Unicode ]

2K 108 5
                                        

( Unicode )

" တကယ်တော့ ဒီကောင်တွေလမ်းကြောင်းမှာ အတွင်းလူလည်းပါလောက်မယ်လို့ ငါထင်နေတယ်ကွာ။ မဟုတ်ရင် ဒီလောက်ထိ ခက်ခဲစရာအကြောင်းကိုရှိမနေဘူး "

ကိုဘသောင်းကြီးက လမ်းလျှောက်နေရင်း စဉ်းစဉ်းစားစားပြောလာသည်။ အချိန်အားဖြင့် ညရှစ်နာရီရှိနေပြီ။ ရွာမှာကတော့ တိတ်ဆိတ်သင့်သလောက်တိတ်‌ဆိတ်နေပြီဖြစ်သော်လည်း လမ်းမနားကတော့ ဆိုင်ကယ်သံ ၊ ကားသံများကိုတစ်ချက်တစ်ချက်ကြားရသည်။ မြူမှိုင်းတို့သည် ဘုရားသုံးဆူအစုနားသို့ ဦးတည်၍လျှောက်လာကြသည်။ ဦးလေးထိန်လင်းက ထိုနေရာမှာစုမယ်ဟုပြောထားတာကြောင့်ဖြစ်သည်။ ပြီးကာမှ နေရာအလိုက်တာဝန်ခွဲမည်ဟုဆိုသည်။

မြူမှိုင်းသည် ‌ပုဆိုးခပ်နွမ်းနွမ်းလေးဖြင့် တီရှပ်လက်တိုတစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါးဝတ်ထားသည်။ ပြီးနောက်တော့ အပေါ်ထပ်ဆွယ်တာအညိုရောင်လေးကို ထပ်ဝတ်ထားလိုက်သည်။ နေ့လယ်မှာဆို အလွန်ပူပြင်းသောပုဂံသည် အခုလိုညဘက်တွေဆို စိမ့်ခနဲ စိမ့်ခနဲအေးလေသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ရမည်။ မိုးဦးသည်လည်း မြူမှိုင်းနှင့်နည်းတူ ပုဆိုးနှင့် ကော်လံပါရှပ်အင်္ကျီတစ်ထည်ကိုဝတ်ထားသည်။ မြူမှိုင်းနှင့်မတူတာဆိုလို့ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်ဝတ်ထားတာပင်။ ဒီကောင်က ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ် သပ်သပ်ရပ်ရပ်အမြဲဝတ်စားတတ်သည်။ အခုလည်းကြည့်။ ကိုဘသောင်းရော ၊ ကိုချစ်လူရော ၊ မြူမှိုင်းရောက ပေါ့ပေါ့ပါးပါးဝတ်ထားကြပါလျက် သူတစ်ယောက်တည်း တော်တော်ကိုသပ်ရပ်လွန်နေတာ။

" မနက်က ဧည့်သည်တွေနဲ့မို့လို့သာ။ ကျွန်တော် တော်တော်လေး ဝမ်းနည်းသွားတာ။ ရွာနားမှာဖြစ်သွားတာကို မသိလိုက်တာက ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်မကင်းသလိုလည်းခံစားရတယ်ဗျာ "

မိုးဦးက သူ့ကိုယ်သူ ယူကြုံးမရစွာပြောလာတော့သည်။

" ဒီလိုလည်း ဘယ်ဟုတ်လိမ့်မလဲ။ ခိုးပါတယ်ဆိုမှ ငါတို့မသိအောင်ပဲ ခိုးကြမှာပေါ့။ အခုသိပြီးပြီဆိုတော့ တရားခံဖမ်းဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့ကွာ "

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now