အခန်း ( ၁၅ ) [ Unicode ]

1.6K 92 7
                                        

( Unicode )

အဝေးပြေးလမ်းမကြီးတွင် အဖြူရောင်ကားတစ်စီးက ခပ်မြန်မြန်မောင်းနှင်နေလျက်ရှိသည်။ အဆုံးကိုမမြင်ရသော ကွန်ကရစ်လမ်းမကြီးကို သေချာစွာကြည့်ရင်း ကျွန်တော် ကားကိုဂရုစိုက်မောင်းနေရသည်။ နေဟာအလွန်ပူပြင်းနေလျက်ရှိပြီး ခပ်ဝေးဝေးတွင်ရေသကဲ့သို့ တံလျှပ်များကိုပင်မြင်နေရသည်။ လောကတွင် ကိုယ့်မျက်စိနှင့်မြင်နေရသည့်အရာတိုင်း ကိုယ်အထင်မှားနေတာမျိုးဖြစ်နေနိုင်သည်ဆိုသော ဥပမာတွေ။ တံလျှပ်ကို ရေဟုတွေးမိသလိုမျိုး။ နီးကပ်လေလေ ကိုယ့်အတွေးက မှားနေသည်ဆိုသည်ကို ပိုပြီးမြင်ရလေလေဖြစ်သော လောကကြီး၏မာယာတွေ။

ဘေးဘက်ကိုငဲ့ကြည့်မိသောအခါ မိတ်ကပ်လိမ်းထားခြင်းမရှိသည့် ပကတိမျက်နှာဖြင့် မူယာကြွယ်ကို မြင်ရသည်။ သူမပုံစံဟာ အနည်းငယ် ပင်ပန်းနေပုံပေါက်သည်။ အရင်လို နီသွေးကြွနေသည့် ကျားရဲမတစ်ကောင်မဟုတ်ဘဲ ကူကယ်ရာမဲ့နေသည့် ယုန်ဖြူတစ်ကောင်သကဲ့သို့ ထင်ရသည်။ ကျွန်တော် သက်ပြင်းချလိုက်ရင်း လမ်းမဆီကို ပြန်၍ကြည့်‌လိုက်မိကာ စိတ်ထဲတွင်တော့ မှိုင်းငယ် အထင်မလွဲသွားဖို့အတွက် တိုးတိုးလေးဆုတောင်းမိသည်။ ဖြစ်ပုံကိုပြောရလျှင် လွန်ခဲ့သည့် သုံးရက်လောက်ကဖြစ်မည်။

" ငါ့ကိုကူညီပေးပါ ချမ်းမြေ့ရယ်။ ငါတကယ်တောင်းပန်ပါတယ် "

ထပ်မံတောင်းဆိုလာသည့် မူယာကြွယ်ကို ကျွန်တော် ဒေါသတကြီးနှင့်မကြည့်ဖြစ်ခဲ့ပါ။ ဆေးစစ်ကြည့်ခဲ့ပြီးသည့်နောက် သူမဆီတွင် အမှန်တကယ်ကိုယ်ဝန်ရှိနေသည်ကိုသိခဲ့ရပြီဖြစ်တာကြောင့် ကလေးကိုငဲ့၍ သူမရှေ့၌ တင်းမာမပြချင်တော့တာလည်းဖြစ်ကောင်းဖြစ်လိမ့်မည်။ ကလေးအဖေအား လိုက်ရှာကြည့်ခဲ့သော်လည်း ထိုသူဟာ သူ့လုပ်ရပ်ကိုသိလျှင်သိပြီးချင်း တာဝန်မယူချင်သဖြင့် နိုင်ငံခြားသို့ ထွက်သွားသည်ဟုသာသိရသည်။ ကျွန်တော်နှင့်မှိုင်းငယ်ကြား နှောက်ယှက်ခဲ့သည်များကိုသာဖယ်လိုက်လျှင် မူယာကြွယ်သည် ယခုလိုအဖြစ်ဆိုးမျိုးကြုံတွေခဲ့ရသည့် သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now