ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၄ )

200 13 0
                                    

ပုဂံ၏ညတစ်ညသည် ခါတိုင်းကဲ့သို့ပင် အေးချမ်းနေလျက်ရှိ၏။ ညဆယ်နာရီဝန်းကျင်ရှိပြီမို့ လမ်းမများတွင်လည်း ကားအသွားအလာကျဲသွားသည်။ ၂၄နာရီပတ်လုံးဖွင့်သည့် စားသောက်ဆိုင်များနှင့်အရက်ဆိုင်တစ်ချို့တွင်တော့ စားသုံးသူများရှိနေသေးသည်။ လျှပ်စစ်မီးရောင်ကြောင့် လင်းနေသည့်ဘုရားတချို့ကိုတော့ ဟိုတစ်ကွက်ဒီတစ်ကွက်မြင်ရပါသည်။လေနုအေးများက တဝေ့ဝေ့တိုက်ခတ်နေသည်မို့ မှိုင်းမြေ့သည် ဝတ်ထားသည့်ဆွယ်တာအနွေးထည်အညိုရောင်လေးကို ရင်ဘတ်အထိစေ့ဆွဲလိုက်၏။

" အေးလို့လား သားငယ် "

ဘေးနားတွင်အတူယှဉ်တွဲလျှောက်နေသည့် ဦးငယ်က အမေးပြုလာသည့်အခါ အပြုံးလေးတစ်ခုဖန်တီးရင်း ခေါင်းညိတ်၍အဖြေပေးလိုက်ပါသည်။

" အေးပေမယ့် ဒီလိုအခြေအနေလေးကို သဘောကျတယ် "

ဦးငယ်နှင့်မှိုင်းမြေ့သည် အပျင်းပြေလမ်းထွက်လျှောက်ကြခြင်းဖြစ်သည်။ ဖေဖေက သူ့လူနာတစ်ယောက်အရေးပေါ်ဖြစ်သဖြင့် ဆေးရုံသို့သွားနေသောကြောင့် အတူလိုက်မလာခဲ့ပေ။ အစ်ကိုဟိန်းနိုင်နှင့်လင်းဇော်ဦးကတော့ အိမ်တွင် စာလုပ်နေလျက်ရှိလိမ့်မည်ထင်သည်။ အစ်ကိုဟိန်းနိုင်က မှိုင်းမြေ့တို့နှစ်ယောက်လုံးကိုစာပြပေးရာ လင်းဇော်ဦးမှာ ကျက်စာတွင်အခက်တွေ့နေသဖြင့် စာသင်လို့မပြီးသေးဘဲ ကျန်ခဲ့ခြင်းဖြစ်သည်။ မှိုင်းမြေ့တစ်ယောက်တည်း စာစောပြီး၍ ဘာလုပ်ရမလဲစဉ်းစားနေသည့်အချိန်တွင် ဦးငယ်က လေညှင်းခံရန်လာခေါ်သဖြင့် လိုက်လာခဲ့မိခြင်းဖြစ်သည်။

" ညနေက ဖိုးစည် သားငယ်ဆီလာသွားတယ်မလား "

ဦးငယ်၏ရုတ်တစ်ရက်အမေးကြောင့် မှိုင်းမြေ့၏ အာရုံထဲတွင် ညနေက မောကြီးပန်းကြီးစက်ဘီးနင်းလာသောကိုဝီ့ကို ဖျတ်ခနဲပြေးမြင်ရလေသည်။

" ဟုတ်တယ် ဦးငယ်။ မောကြီးပန်းကြီး စက်ဘီးနင်းလာတာ သားတောင်လန့်သွားတယ် "

မှိုင်းမြေ့အဖြေကြောင့် ဦးငယ်က အဓိပ္ပာယ်ပါပါပြုံးလိုက်သည်ကိုတွေ့လိုက်ရတာမို့ ဘာလို့လဲဟုမေးမိရာ ဦးငယ်ကခပ်ပြုံးပြုံးဖြင့် ဘာမှမဟုတ်ပါဘူးဟု ခေါင်းခါ၍ဖြေသည်။ သူတို့သည် လမ်းလျှောက်လာရင်းဖြင့် ဓမ္မရံကြီးဘုရားနားသို့ရောက်လာခဲ့သည်။ မီးရောင်အနည်းငယ်ဖြင့် မှောင်မှောင်မဲမဲပတ်ဝန်းကျင်တွင် ဓမ္မရံကြီးဘုရားက ထုထည်ကြီးစွာရှိနေသည်ကိုမြင်ရသည်။ ဓမ္မရံကြီးဘုရားသည် ထုထည်ကြီးသော်လည်း ဘုရားတည်ထားခဲ့သော အလှူ့ရှင်၏ ပယောဂကြောင့် ကျောချမ်းဖွယ်ရာဖြစ်လို့နေခဲ့သည်။ ဗိသုကာလက်ရာကြောင့်ဂုဏ်ယူမှုများကို ခံစားရသည်နှင့်တစ်ပြိုင်နက် ငရဲမီးကလာဟပ်သလို ပူလောင်မှုကိုလည်း တစ်ဆက်တည်းရောက်လာသကဲ့သို့ခံစားရစေသော ဓမ္မရံကြီးပင်ဖြစ်သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now