ရှုပ်နေတာလေးတွေ ရှင်းကြမယ်။

606 16 2
                                        

Hello ! ယွန်းရိပ်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ Fic လေးက View တွေလည်း တိုးလာတဲ့အပြင် အားပေးကြတဲ့ comment လေးတွေကိုပါ အများကြီး လက်ခံရရှိခဲ့ပါတယ်။ မျှော်လင့်ထားတာထက်ပိုပြီး အားပေးကြ ၊ review လေးတွေလည်းရေးပေးကြလို့ ယွန်းရိပ်က စာဖတ်သူလေးတွေကြောင့် အများကြီးပျော်ရွှင်ခဲ့ရပါတယ်။

ဆိုတော့ ဒီအပိုင်းလေးက ဘာအကြောင်းလဲဆိုရင် ဒီဝတ္ထုရှည်တစ်ခုလုံးမှာပါခဲ့တဲ့ တချို့ဇာတ်ကောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ အကုန်လုံးနဲ့အတူ စီးမျောရင်း ဒေါသထွက်ကြ ၊ ခံပြင်းကြ ၊ စာနာသနားပေးကြရင်း စာဖတ်သူတို့အနေနဲ့ ရသမျိုးစုံ ခံစားခဲ့ကြရမယ်လို့ ယွန်းရိပ် ထင်ပါတယ်။ အဲ့ထဲကမှ နားမလည်နိုင်ဆုံး ၊ အားမလိုအားမရအဖြစ်ဆုံး ဇာတ်ကောင်ကိုပြောကြကြေးဆိုရင် ချမ်းမြေ့ဦးဝေ ကိုပဲ လက်ညှိုးထိုးကြမယ်လို့လည်း ထင်ပါတယ်။ ( စာဖတ်သူတို့ရဲ့ မေတ္တာပို့သမှုကို အများဆုံးခံခဲ့ရတဲ့သူဆိုလည်း မှားမယ်မထင်ပါလေ 🤣 )

ဆိုတော့ ချမ်းမြေ့ဦးဝေ တစ်ယောက်တည်းအကြောင်းမဟုတ်ဘဲ တချို့အချက်လေးတွေအတွက်ပါ ဒီအပိုင်းလေးရေးခြင်းဖြစ်ပါတယ်။ ဒါဆို သူလေးနဲ့ပဲ ရှင်းပြခြင်းကို အရင်စလိုက်ပါမယ်။

ဇာတ်ကောင်ရှင်းတမ်း။
ချမ်းမြေ့ဦးဝေ။

ချမ်းမြေ့အကြောင်း စပြောရမယ်ဆိုရင် ယွန်းရိပ် တစ်ခါ comment section မှာ စာဖတ်သူလေးတစ်ယောက်ကို ပြောပြဖူးသလိုပါပဲ။ သူက ငယ်ငယ်လေးကတည်းက မိဘရဲ့ စီမံကွပ်ကဲမှုအောက်မှာ ပုံသွင်းခံထားရတဲ့ ငှက်လေးတစ်ကောင်ပါ။ ဒီအချိန်ထ ၊ ဒီအချိန်အိပ် ၊ သူ့အမေရဲ့ အာဏာစက်အတွင်းမှာ ဘယ်အရာကိုမှ အထွန့်မတက်ဘဲ နာခံခဲ့တဲ့လူမျိုးပါ။ စာဖတ်သူလေးတို့အနေနဲ့ ပတ်ဝန်းကျင်မှာ တွေ့ဖူးမလားမသိပေမယ့် အဲ့လိုမျိုး အိမ်ကိုမပိုင် ၊ အိမ်ကိုမနိုင်တဲ့လူတွေ အများကြီးရှိပါတယ်။ မိဘမသိအောင် အပြင်လေးခိုးထွက်ဖို့တောင် မဝံ့ရဲဘဲ ကြောက်ကြတဲ့လူတွေ ၊ စကားနဲ့လိမ်လိုက်ဖို့တောင် ရင်တုန်ပန်းတုန်ဖြစ်နေကြတဲ့လူတွေပေါ့။ ဒါဟာ သူတို့ကိုယ်သူတို့ ဇွတ်ဖြူစင်ပြီး မိဘအပေါ်အရမ်းသိတတ်လိမ္မာကြလို့လည်းမဟုတ်ဘဲ စိတ်ထဲမှာ အကြောက်တရားက ကြီးစိုးတာမျိုးပါ။ တစ်သက်လုံးစာ နေသားကျနေရာကနေ ပုံစံတစ်မျိုးပြောင်းသွားတဲ့အခါ သူတို့ကိုယ်သူတို့လည်း လိပ်ပြာမလုံဘဲ ဒါကြီးက ဘယ်တော့အလိမ်ပေါ်သွားမလဲဆိုတဲ့စိတ်မျိုးနဲ့ စိုးရိမ်တုန်လှုပ်နေကြတာပါ။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now