အခန်း ( ၁၇ ) [ Unicode ]

441 32 2
                                    

( Unicode )

အသက်ရှူကြပ်လာချိန်မှ ခွာလိုက်သော နှုတ်ခမ်းနှစ်စုံဟာ အနည်းငယ်မောဟိုက်နေခဲ့သည်။ နဖူးချင်းထိကပ်ရင်း နှစ်ယောက်စလုံး ပြိုင်တူရယ်ချမိသည်။ ဘယ်နိယာမကိုမှဂရုမစိုက်ဘဲ စိတ်တွေကို လွှတ်ပေးလိုက်တာက အလွယ်တကူရရှိနိုင်တဲ့ နိဗ္ဗာန်ဘုံတစ်ခုပဲမဟုတ်လား။

နယ်ကျွံလက်စနဲ့ ကျွန်တော်တို့ နည်းနည်းပိုပြီး ရူးမိုက်ကြည့်ကြမလား ကိုကို။

" ဒီတစ်ညနေလောက်ပဲ ကျွန်တော့်အနားမှာ နေပေးလို့ရမလား "

ပြုံးပြလိုက်သော ကိုကို့အပြုံးသည် မြူမှိုင်းအတွက် ကမ္ဘာကြီးတစ်ခုလုံးအပိုင်စားရလိုက်သလိုအထိ ခံစားမိခဲ့စေသည်။ သုံးနှစ်ကျော် လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ချစ်ရသူကိုမျက်လုံးချင်းဆုံကြည့်ရင်း စိတ်လိုလက်ရပြုံးဖြစ်တဲ့ချိန်ပဲ။ ဒီလိုနဲ့ ကျွန်တော်ဟာ ရုန်းလေနစ်လေ။

" တီ တီ တီ "

အင်္ကျီအိတ်ကပ်ထဲက မြူမှိုင်း၏ ဖုန်းသံမြည်လာခဲ့သည်။ ထုတ်ကြည့်မိသောအခါ မိုးဦးဆီကဖြစ်သည်။

" ဟယ်လို "

မိုးဦးရုံသည် တစ်ဖက်ကဖုန်းဖြေသံကိုကြားကာမှ စိတ်အေးမိသွားသလို သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ဘေးတွင်တော့ မကေသွယ်နှင့် မမေမီ ၊ နောက်ပြီး ကိုထက်ပိုင်ရှိနေသည်။ မြူမှိုင်းတို့ E Bike ပါမလာတာကိုသိပြီးနောက် တမာပင်ရိပ်တစ်ခုတွင် စက်ရပ်ပြီး စောင့်နေကြခြင်းဖြစ်သည်။ ကိုသူရနှင့် မသဇင်တို့နှစ်ယောက်ကတော့ ဘယ်ကိုမောင်းလို့မောင်းသွားမှန်းပင်မသိ။

" ငါ တစ်ညနေလောက် ကိုကို့ကိုခေါ်ထားချင်လို့ "

ဆက်ပြောလာသောစကားသံကိုကြားသောအခါ အနည်းငယ်ပြုံးမိသည်။ ဘာမှထွေထွေထူးထူးဆက်မပြောဖြစ်တော့ဘဲ အရမ်းနောက်မကျဖို့သာမှာလိုက်ပြီးနောက် ဖုန်းချလိုက်သည်။ မကေသွယ်တို့ကိုပြန်ကြည့်မိတော့ မိုးဦးကိုခပ်ပြုံးပြုံးကြည့်နေကြသဖြင့် ပြန်၍ပြုံးပြလိုက်ရတော့သည်။

" သူရတို့က မျှော်စင်ဘက်ရောက်သွားလို့ နေဝင်ချိန်ကိုအပေါ်တက်ပြီးစောင့်ကြည့်မယ်လို့ပြောတယ်။ အစ်မတို့ကော ဘယ်သွားကြမလဲ "

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now