ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၁၁ )

699 32 4
                                        


ကိုဝီ့ရဲ့ဦးဆောင်မှုဖြင့် မြင်းခြံတစ်ခွင်‌တွင် အားရအောင်လည်ပတ်ပြီးနောက် မှိုင်းမြေ့တို့ ပုဂံကို ည ၈နာရီလောက်တွင် ပြန်ရောက်ခဲ့သည်။ သို့သော် အကုန်လုံးက အိမ်မပြန်ချင်ကြသေးသဖြင့် ရွှေစည်းခုံဘုရားဝင်းအတွင်းတွင် ခဏထိုင်ကြမည်ဟု တိုင်ပင်လိုက်ကြသောကြောင့် ယခုတွင် မှိုင်းမြေ့တို့လေးယောက်သည် ရွှေစည်းခုံဘုရားကြီးဝင်းအတွင်းက ရင်ပြင်ပေါ်တွင် စုထိုင်နေကြခြင်းဖြစ်သည်။ ညဘက်အချိန်ခါတွင် အဝါရောင်မီးများထိန်ညီးနေအောင်ထွန်းထားသည့် ရွှေစည်းခုံဘုရားကြီးမှာ အလွန်ပင်သပ္ပာယ်၍တည်ရှိနေသည်။ စာပေတွေထဲ၌ အမွှန်းတင်ထားသကဲ့သို့ ‌မြင်ရသည်မှာ ရွှေတောင်ကြီးကို ပုံထားသလိုဖြစ်နေသည်။

" မနက်ဖြန် ငါ့မောင်တွေပြန်တော့မယ်ဆိုတော့လည်း ဝမ်းတော့နည်းသား။ ပြန်ရောက်ရင် စာသေချာလုပ်နော်။ ပုံမှန်စား ၊ ပုံမှန်အိပ် အရမ်းဖိအားမထားကြနဲ့။ စာမေးပွဲဆိုတာ စိတ်ကဖိအားများလေ အမှားပိုလုပ်မိလေပဲ။ စိတ်ကို အေးအေးထား။ မရလည်းဘာမှမဖြစ်ဘူး။ ကိုယ်ရတာသာ အရင်ဖြေ "

" ဟုတ်ကဲ့ "

မှိုင်းမြေ့နှင့်လင်းဇော်ဦး၏ နာခံသံက တစ်ပြိုင်နက်ထဲ ထွက်လာသည်။ မမကသာ စကားတွေအများကြီးပြောနေသော်လည်း ကိုဝီကတော့ အလွန်တိတ်ဆိတ်နေသည်။ ဘုရားကြီးကိုသာ မော့ကြည့်နေလျက် ဘာကိုစဉ်းစားလို့စဉ်းစားနေမှန်းမသိပေ။

" ဝီရစည်သူ နင်လည်း ကလေးတွေကို တစ်ခုခုမှာဦးလေ။ ရွှေစည်းခုံကိုမရောက်ဖူးဘူးလား ဟုတ်လား။ စိုက်ကြည့်နေလိုက်တာများ "

မမက ဆော်ဩလိုက်တော့မှ ကိုဝီက သတိပြန်ဝင်လာဟန်ရှိကာ ပြုံးသည်။ ပြီးနောက် သူ့ရဲ့ အာရုံအလုံးစုံကို မှိုင်းမြေ့တို့ဆီသို့ ပို့လိုက်သလိုထင်ရလျက် တစ်ခုခုကိုအလေးအနက်မှာတော့မယောင်ဖြင့် ပြောဟန်ပြင်သည်။

" ငါက ဘာမှာစရာရှိလို့လဲ။ နှစ်ယောက်စလုံးက သူ့အိပ်မက်နဲ့သူရှိနေတာပဲ။ ငါမပြောလည်း သူတို့က ဖြစ်အောင်လုပ်ကြမှာပဲဟာ။ အေးပေါ့ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အိပ်မက်နောက်ကိုလိုက်တယ်ဆိုတာ အဆုံးသတ်မှာ အဆင်ပြေပြေနဲ့ပျော်ရွှင်ချင်လို့မဟုတ်လား။ တစ်ခါတစ်လေကျရင် ‌လူတွေက အိပ်မက်နောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ ပျော်ရွှင်မှုတွေကို လွတ်သွားတတ်တယ်။ ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့လူတွေကို လွှတ်ချမိသွားတတ်တယ်။ ဝေရော ၊ လင်းဇော်ဦးရော အဲ့လိုမျိုးမဖြစ်စေနဲ့။ အနာဂတ်ကိုတွေးရင်းနဲ့ ပစ္စုပ္ပန်မှာရှိနေတာတွေကို မေ့မသွားနဲ့။ ပစ္စုပ္ပန်ကိုမေ့သွားတဲ့အချိန်က ပျော်ရွှင်မှုကို လွတ်သွားတဲ့အချိန်ပဲ "

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now