ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၁ )

418 13 3
                                    

ဝီရစည်သူ & မှိုင်းမြေ့ဝေ

" ဟေ့ကောင် မှိုင်းမြေ့ဝေ ဒီမှာ မင်းအတွက်တဲ့ "

မှိုင်းမြေ့စာရေးနေသည့်ခုံပေါ်သို့ သူငယ်ချင်းဖြစ်သူ လင်းဇော်ဦးက ချောကလက်တစ်ထုတ်ပစ်တင်လာသည်။ ပြီးနောက် သူကောင်းသားက မှိုင်းမြေ့ဘေးက ခုံအလွတ်တွင် မောပန်းသွားသလို ဘုန်းခနဲထိုင်သည်။ လင်းဇော်ဦး၏ ခန္ဓာကိုယ်တွင် ချွေးများရွှဲစိုလျက် အဖြူရောင်ကျောင်းအင်္ကျီမှာလည်း သဲမှုန်များကြောင့် ညစ်‌၍နေပြီ။ မမေးသော်လည်း ဤပုံစံကိုကြည့်တာနှင့်သိနိုင်သည်။ လင်းဇော်ဦးတို့ ကိုးတန်းကအငယ်တွေနှင့် ဘောလုံးကန်ပြီး လူးလှိမ့်လာခဲ့ခြင်းဖြစ်မည်။

" ဘယ်သူပေးတာလဲ "

မှိုင်းမြေ့က ချောကလက်ထုတ်ကိုကိုင်၍ မေးလိုက်သည်။ ဒီလိုလက်ဆောင်တွေရတာတော့မထူးဆန်းပေ။ မှိုင်းမြေ့က အားနာရသော်လည်း သူ့ကို သဘောကျကြသည့်ကျောင်းသူတချို့က သူတို့မုန့်ဖိုးတွေကို ယခုလိုလက်ဆောင်များအဖြစ် ပြောင်းလဲကာ လာပေးလေ့ရှိသည်။ လက်မခံလျှင်လည်း စိတ်မကောင်းဖြစ်ကြမည်စိုးသဖြင့် ယူထားလိုက်မိသည်။ ပြီးမှ လမ်းမှာတွေ့သည့် ‌ကလေးလေးတွေကိုဖြစ်စေ ၊ မီးပွိုင့်၌ပန်းရောင်းနေသည် ကလေးလေးတွေကိုတွေ့လျှင်ဖြစ်စေ ပြန်ပေးလိုက်လေ့ရှိသည်။

" ဘယ်သူရှိရမလဲ ကိုးတန်း Bio A က သက်ထားခင်လေ "

" ဒီလထဲမှာပဲ သူပေးနေတာဘယ်နှခုတောင်ရှိနေပြီလဲ။ မင်းကလည်း ပေးတိုင်းယူလာနေတယ် "

" ဟ ငါလည်းမယူတာကို သူကအတင်းထည့်ပေးနေတာ။ မင်းကိုကိုယ်တိုင်သွားပေးပါဆိုတော့လည်း မပေးရဲဘူး။ နေပါဦး မင်းက ဘာတွေရေးနေတာလဲ "

လင်းဇော်ဦးက မှိုင်းမြေ့ရှေ့ရှိ ဖွင့်လက်စစာအုပ်များကိုကြည့်၍ မေးသည်။

" နားချိန်ပြီးရင် Chemistry ဆရာမဝင်မှာလေ။ ဒီနေ့ စာမေးမှာ "

" ဟမ် Chemistry မေးမှာလား "

" အေးလေ မနေ့က ဆရာမ မှာလိုက်တယ် "

" ဟ သေရော "

လင်းဇော်ဦးက သူ့နဖူးသူရိုက်ရင်း ရေရွတ်သည်။

" ဘာလဲ မင်း စာမကြည့်ခဲ့ဘူးလား "

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now