ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( ဇာတ်သိမ်းခန်း ၂ )

1.4K 38 5
                                        


လောကနန္ဒာဘုရားသည် နေရောင်အောက်တွင် သပ္ပာယ်စွာဖြင့် ဝင်းဝါနေခဲ့ပါသည်။ ဒီနေ့တော့ မိုးတိမ်များကင်းစင်နေလျက် ရာသီဥတုက သာယာနေသည်။ ဘုရားဖူးများ၏ စကားသံများနှင့်အတူ ဈေးသည်များ၏ စကားသံများဖြင့်ပါ ပတ်ဝန်းကျင်က လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့သည်။ မှိုင်းမြေ့ မြင်နေရသည့် ဧရာဝတီသည် နေရောင်အောက်တွင် တလက်လက်ထလျက် သူမ၏ ခရီးကို ပုံမှန်အတိုင်းသာလျှင် ဆက်နှင်နေသည်။ ဟိုးတစ်ဖက်တွင်တော့ တစ်ရိပ်ရိပ်သွားနေကြသည့် လှေငယ်လေးများရှိသည်။ မှိုင်းမြေ့တို့သည် လောကနန္ဒာဘုရားရင်ပြင်ပေါ်ရှိ ဧရာဝတီမြစ်ကိုလှမ်းမြင်နေရသည့် အုတ်တံတိုင်းကာထားသောဘက်ခြမ်းတွင် ရပ်နေကြခြင်းဖြစ်သည်။ မှိုင်းမြေ့သည် ဧရာဝတီ၏မနက်ခင်းအလှကို ခံစားရင်း လေကို တဝကြီးရှုသွင်းလိုက်သည်။ အသက်ရှုချောင်သွားရခြင်းကြောင့် ဘေးနားတွင် ရပ်နေသည့် ကိုဝီ့ကို ကြည့်မိသောအခါ ကိုဝီက မြစ်ပြင်ကျယ်ကိုသာ ကြည့်နေလျက် တစ်ခုခုကိုတွေးတောနေပုံရသည်။

ကိုဝီ့ဆီတွင် တွေးစရာတွေ အများကြီးရှိနေလောက်သည်။ နှစ်တွေအကြာကြီးတိုင်အောင်ခြောက်လှန့်နေခဲ့သော စိတ်ဒဏ်ရာတစ်ခုကို ပထမဆုံးအောင်မြင်သွားခဲ့တာမဟုတ်လား။ ရုံးကနေ ဒီနေရာကို ကိုဝီက အဲ့ဒီ့ E Bike ကို ကိုယ်တိုင်မောင်းရင်း ရောက်လာခဲ့တာ။

" ဘာတွေတွေးနေတာလဲ "

မှိုင်းမြေ့က အမေးပြုလိုက်သောအခါ ကိုဝီက မြစ်ပြင်ကို ငေးကြည့်နေရာမှ မှိုင်းမြေ့ကို ကြည့်လာသည်။ ပြီးနောက် အရင်ဦးဆုံး ပြုံးလျက် ခေါင်းခါပြကာ အကြည့်လွှဲသည်။

" ပြောပြပါ ဘာတွေတွေးနေတာလဲလို့ "

" ဒီလိုပါပဲ "

" အေဟေး အဲ့လိုကြီး လျှို့ဝှက်နေတော့မှာလား "

မှိုင်းမြေ့က မရမက မေးသည့်အခါ ကိုဝီက ခပ်ပြုံးပြုံးဖြင့် ငဲ့ကြည့်လာသည်။ ပြီးနောက် သက်ပြင်းလေးတစ်ချက်ကို မသိမသာခိုးချရင်း မှိုင်းမြေ့နဲ့ မျက်နှာချင်းဆိုင်၍ ရပ်သည်။ ပြီးနောက် မှိုင်းမြေ့၏ လက်ဖဝါးနှစ်ဖက်ကို ဆွဲယူလာကာ ညင်သာစွာ ဆုပ်ကိုင်ထားသည်။ သို့သော် မှိုင်းမြေ့ကိုတော့ မကြည့် ၊ ကိုဝီက သူဆုပ်ကိုင်ထားသည့် လက်များရှိရာကိုသာ ခေါင်းကိုငုံ့ထားသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now