အခန်း ( ၁၀ ) [ Unicode ]

461 30 0
                                    

( Unicode )

ချမ်းမြေ့ဦးဝေ
   

" မူယာကြွယ် ! "

အားကုန်သုံး၍ ကျွန်တော် မူယာကြွယ့်ကို တွန်းထုတ်ပစ်လိုက်သည်။ စိုစွတ်စွာကျန်ခဲ့သော နှုတ်ခမ်းများကိုပါ အင်္ကျီလက်ဖြင့် ပြင်းစွာသုတ်လိုက်သည်။ ဆေးရုံကနေအိမ်အထိ အနောက်မှ တောက်လျှောက်လိုက်လာခဲ့ပြီး တွယ်ကပ်ပြနေခဲ့သည့် မူယာကြွယ်ကို ကျွန်တော် များစွာအံ့ဩရသလို စိတ်လည်းကုန်လာရသည်။ သို့သော် အိမ်ထဲရောက်ကာမှ ဘာစိတ်ကူးဖြင့်အခုလို အပြုအမူမျိုးကို လုပ်ပစ်ရသလဲဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ပေ။

" မူယာကြွယ် နင့်မှာ အရှက်မရှိဘူးလား "

" နင့်ကိုပိုင်ဆိုင်ဖို့ပဲလေ။ ငါ့မှာ အရှက်ရှိတာ၊မရှိတာ ဘာအရေးလဲ "

" ငါက အိမ်ထောင်ရှိပြီးသားယောကျာ်းတစ်ယောက် မူယာကြွယ်။ ငါ့မှာ တရားဝင်လက်ထပ်ထားတဲ့ ယောကျာ်းရှိတယ် "

" အဟက် အဲ့တော့ဘာဖြစ်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့ကကွဲမှာပဲလေ။ နင်စိတ်ကူးယဉ်ဖူးတဲ့ မိသားစုဆိုတာကို အဲ့ကောင်က ဖန်တီးမပေးနိုင်ဘူး။ ငါက ဖန်တီးပေးနိုင်တယ် "

ဂုဏ်သိက္ခာမဲ့စွာဖြင့် ကတ်ကတ်လန်ပြောနေသည့် မူယာကြွယ့်ကိုကြည့်ရင်း ကျွန်တော် စိတ်ပျက်သွားသည်။ ငယ်သူငယ်ချင်းသံယောစဉ်ကြောင့် တောက်လျှောက်သည်းခံလာခဲ့ပေးသော်လည်း ဒီလောက်ထိ သိက္ခာမဲ့လိမ့်မည်ဟု မထင်ထားမိရိုးအမှန်။
  
" ငါရွေးချယ်ထားတဲ့ လမ်းပဲ မူယာကြွယ်။ ငါ နင့်ကို မချစ်နိုင်ဘူး။ နင်လိုက်ပြီးတွယ်ကပ်နေတာကိုလည်း မကြိုက်ဘူး။ အစကတည်းက မေမေတို့အကြွေးကြောင့် နင့်ကိစ္စတွေရော ၊ နင့်မိသားစုကိစ္စတွေကိုပါ လုပ်ပေးနေတာ။ အဲ့ဒါကို အထင်မှားမနေနဲ့ "

နှုတ်ခမ်းနီရဲရဲဆိုးထားသည့် မူယာကြွယ်က စိတ်ရူးပေါက်နေသူတစ်ယောက်ကဲ့သို့ ဟက်ခနဲရယ်ချသည်။ အဲ့ဒီ့ နီရဲနေတဲ့ နှုတ်ခမ်းတွေက ပူလောင်လွန်းလိုက်တာ။ အဲ့ဒီ့အစား မှိုင်းငယ်ရဲ့ နှုတ်ခမ်းပါးတွေကိုသာ မက်မောစွာ နမ်းရှိုက်ချင်လိုက်ပါရဲ့။ အမြဲတမ်း ကျွန်တော့်ကို ပြုံးပြတတ်သော ၊ ပျော်ရွှင်စရာတွေကိုသာ ပြောပြပေးတတ်သော ၊ ကျွန်တော့်ကို သဲသဲလှုပ်ဂရုစိုက်ပေးတတ်သော မှိုင်းငယ်ရဲ့ရင်ခွင်ထဲသာ တိုးဝှေ့ဖက်တွယ်ထားလိုက်ချင်ပါရဲ့။ ကျွန်တော့်ကမ္ဘာရဲ့ဦးစီးသူ မှိုင်းငယ်ဆီကို အလုံးစုံပုံအပ်ပြီး အေးဆေးစွာနေလိုက်ချင်ပါရဲ့။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now