အခန်း ( ၁ ) [ Unicode ]

2K 50 2
                                    

( Unicode )

မြူမှိုင်းမောင်

ကျေးငှက်များ၏ တွန်ကြူးသံက ခပ်သာသာလွင့်ဝဲနေသည်။ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသော နေခြည်နွေးနွေးသည် သူ့အား ထပ်၍အိပ်မရအောင် ပြုလုပ်နေသည်။ ထိုပြတင်းကနေ ထပ်မံတိုက်ခတ်လာသော လေနုအေးတို့ဟာလည်း ကြက်သီးဖြန်းဖြန်းထစေသည်။ မျက်လုံးတို့ကိုမဖွင့်သေးဘဲ လေကို အရင်ရှူရှိုက်လိုက်ချိန်မှာ တစ်နေ့တာအတွက် အားတွေအပြည့်ရလိုက်သလို ခံစားရသည်။ အပူပိုင်းဒေသ၏ ဆောင်းမနက်ခင်းဟာ ဒီလိုပဲ မနိုးထချင်လောက်အောင် မက်မောဖို့ ကောင်းတာလား။

" ဟေ့ကောင်ရေ ထတော့ဟေ့ ဧည့်သည်တွေက ရှစ်နာရီခွဲရောက်မှာ။ အခုပဲ ခုနစ်နာရီထိုးနေပြီ ။ ထတော့ ထတော့ "

အထပ်သားကာထားသော အခန်းငယ်ထဲကနေ အပြင်ကအော်သံကို ကောင်းကောင်းကြားရသည်။ မြူမှိုင်းသည် မျက်လုံးတို့ကို အားယူဖွင့်လိုက်ရင်း ပြုံးကာ အပျင်းကြောဆန့်လိုက်သည်။ ရှည်လွန်းသော အရပ်ကြောင့် အောက်က အထပ်သားနံရံနဲ့ ပွတ်ဆွဲမိလေသည့်အခါ လျင်မြန်စွာ ခြေထောက်ကို ရုတ်လိုက်ရသေးသည်။ ပြီးမှ ကိုယ့်ကိုယ်ကိုယ် သဘောကျရင်း ထပ်ရယ်မိသေးသည်။

" မြူမှိုင်းမောင် ဟေ့ကောင် "

" အေး ထပြီ ထပြီဟ "

အပြင်မှ သူငယ်ချင်းဖြစ်သူ မိုးဦးရုံအား အထဲကနေ ပြန်၍ အသံပေးလိုက်ရသည်။ မဟုတ်ရင် ဒီကောင်က အခန်းထဲကမထွက်မချင်းအော်နေတော့မှာ။ အိပ်ရာထဲ ထိုင်နေရာမှထကာ မြူမှိုင်းလုပ်စရာရှိသည့် တစ်နေ့တာအလုပ်များကို စလုပ်ရတော့သည်။ မျက်နှာသစ် ၊ သွားတိုက်ခြင်းကို ထရံကာအိမ်လေး၏ အနောက်ဘက်က ရေသိုလှောင်ထားသည့် စဉ့်အိုးကြီးသုံးလုံးစီချထားရာနေရာတွင် ပြုလုပ်ရသည်။  မင်းနန်သူရွာသူရွာသားများကတော့ မြင်းလှည်းထွက်သူကထွက် ၊ ဆိတ်ကျောင်းသူကကျောင်းဖြင့် လုပ်ငန်းခွင်ကို စနေကြလိမ့်မည်ထင်သည်။ အိမ်၏ အနောက်ဘက်တွင် လူနေအိမ်မရှိတော့ဘဲ အရိပ်ရအပင်ကြီးများကြားထဲကနေ အုတ်နီနီဘုရားများကိုသာ ခပ်ပြပြတွေ့ရတော့တာမို့ အခုလို မနက်ခင်းဆို လေအေးများဝင်ကာ အသဲခိုက်အောင်အေးလေသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now