ကျေးဇူးတင်လွှာ နဲ့ ပြောပြချင်တာလေးတွေ

125 6 0
                                    

ပထမဦးဆုံးအနေနဲ့ ပြောချင်တာလေးက စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်ဆိုတာလေးပါ။ update တွေမမှန်ပေမယ့် နားလည်ပေးပြီး စောင့်ဖတ်ပေးကြတဲ့အတွက် ယွန်းရိပ်က တကယ်ကို ကျေးဇူးအများကြီးတင်ရပါတယ်။

ဒီတစ်ခါတော့ ပုဂံမြေကို ချစ်ကြတဲ့ ကောင်လေးတွေနဲ့ အမှန်တကယ်ကို နှုတ်ဆက်ရပါပြီ။ အစကတော့ မြူမှိုင်းမောင် နဲ့ ချမ်းမြေ့ဦးဝေတို့ရဲ့ ဇာတ်လမ်းလေးကိုပဲ စဉ်းစားထားဖြစ်ပေမယ့် အမှတ်မထင်ရခဲ့တဲ့ စိတ်ကူးတစ်ခုကြောင့်ရော ၊ စာဖတ်သူလေးတွေရဲ့ အားပေးမှုလေးတွေကြောင့်ပါ ဝီရစည်သူ နဲ့ မှိုင်းမြေ့ဝေ တို့ရဲ့ ဇာတ်လမ်းလေးကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ နောက်တစ်ကြိမ်ထပ်ပြောရင်း အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့သော် ယွန်းရိပ်က တောင်းပန်ပါတယ်ရှင်။ မှိုင်းငယ်တို့တုန်းကလို ပုဂံရဲ့သမိုင်းရာဇဝင်တွေကို ဒီမှာသိပ်မထည့်ထားဖြစ်ခဲ့ပေမယ့် အကယ်၍များ သမိုင်းကြောင်းနဲ့ပက်သက်ပြီး တစ်ခုခုလွဲချော်မှုများရှိခဲ့ရင် ယွန်းရိပ်ရဲ့ လေ့လာမှုလိုအပ်ချက်သာဖြစ်ပါတယ်။

Main couple နဲ့ Side Couple တို့ကြားမှာ အချိန်ကာလကွာခြားခဲ့ပေမယ့် ခုနှစ်တွေကိုအတည်တကျမဖော်ပြဖြစ်ခဲ့ပါဘူး။ သို့ပေမယ့် သူတို့ရဲ့ချစ်ခြင်းအပေါ် လူတွေဘယ်လိုတုံ့ပြန်ကြသလဲဆိုတာမျိုးနဲ့ ပြသခဲ့ပါတယ်။ မှိုင်းငယ်တို့နှစ်ယောက်ဟာ မိသားစုနဲ့ ပတ်ဝန်းကျင်ကြားမှာ သူတို့ရဲ့ ဒဏ်ရာတွေကို ညည်းညူခွင့်တောင်မရခဲ့ဘဲ ပင်ပန်းခက်ခဲခဲ့ကြပေမယ့် ဝီရတို့နှစ်ယောက်ကတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့မလိုခဲ့ဘဲ သူတို့ရဲ့ ခံစားချက်တွေကို သူတို့ကိုယ်တိုင် ဂရုစိုက်နိုင်ခဲ့ကြပါတယ်။ တချို့တစ်ဖက်ပိတ်အတွေးအခေါ်တွေနဲ့ အမြင်မကျယ်တဲ့လူတွေလည်းရှိနေသေးဆဲဆိုပေမယ့် တော်တော်များများကတော့ ဒီ community ကို လက်ခံလာကြတယ်လို့မြင်တဲ့အတွက် ဒီလိုလေးယှဥ်ပြရခြင်းပါ။ မှိုင်းငယ်ဟာ သူ့ရဲ့ဖြစ်တည်မှုကြောင့် သူငယ်ချင်းရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပေမယ့် မှိုင်းမြေ့နဲ့ဝီရတို့က သူတို့ရဲ့သူငယ်ချင်းတွေရှေ့မှာ ရဲရဲဝံ့ဝံ့လက်တွဲပြနိုင်ခဲ့ပါတယ်။ ဝီရတို့အနေနဲ့ တက်ထွန်းတို့လို အတွေးအခေါ်နိမ့်တဲ့လူမျိုးတွေနဲ့ တွေ့ခဲ့ရတယ်ဆိုတာ ခုနက အပေါ်မှာပြောခဲ့သလို တချို့လူတွေကတော့ လက်မခံနိုင်ဘဲနဲ့ ၊ စနောက်စရာအဖြစ်တွေးပြီး ကျဉ်းမြောင်းတဲ့အမြင်တွေကြားမှာ နေနေတုန်းဆိုတာကို ပြချင်လို့ပါ။ ဒီလိုကွာခြားမှုလေးတွေပါ။

ဆိုတော့ စာဖတ်သူလေးတွေအနေနဲ့ မြူမှိုင်းမောင်နဲ့ ချမ်းမြေ့ဦးဝေတို့အကြောင်းကိုဖြစ်စေ ၊ ဝီရစည်သူနဲ့ မှိုင်းမြေ့ဝေတို့ရဲ့ အကြောင်းကိုဖြစ်စေ ၊ ဒီခရီးရှည်တစ်ခုလုံးမှာပါတဲ့ မည်သည့်ဇာတ်ကောင်ရဲ့အကြောင်းကိုဖြစ်စေ ၊ သိချင်တာ ၊ မေးချင်တာ ၊ ရှင်းပြစေချင်တာလေးတွေရှိရင် Comment မှာမေးလို့၊ပြောလို့ရပါတယ်။ တစ်ယောက်ချင်းစီရဲ့ မေးခွန်းတွေကို သေချာဖြေပေးပါ့မယ်လို့ပြောရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။

ဒီခရီးရှည်ကြီးမှာစီးမျောလိုက်ပါပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ယွန်းရိပ်က ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် အသစ်အသစ်သောခရီးတွေကိုလည်း လိုက်ပါပေးဖို့ မျှော်လင့်ရင်း ပုဂံမြေကိုချစ်တဲ့ ကောင်လေးတွေကို နှုတ်ဆက်လိုက်ပါတယ်။

- Yoon Yeik -
4 , June , 2024
6:08 PM

___________________________________________

Edit - Facebook acc လေးပြောပြပါဆိုလို့ Acc Name က Yoon Yeik ပဲဖြစ်ပြီး Profile ကတော့ ဒီ Wattpad Profile နဲ့အတူတူပါပဲရှင်။ စာဖတ်သူလေးတွေနဲ့ပဲ သီးသန့်ရှိချင်တာကြောင့် အသစ်ဖွင့်လိုက်တာပါ 💛

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now