အခန်း ( ၂၀ ) [ Unicode ]

564 33 19
                                    

( Unicode )

ပုဂံမြေ၏လမ်းမများအပေါ်တွင် ကျွန်တော့်ခြေရာတွေထပ်နေခဲ့သည်။ မိုးဦးရုံတို့အိမ် ဘယ်မှာရှိသည်ဆိုတာကိုမေးမြန်း၍ ခပ်သွက်သွက်ကလေးလျှောက်လာမိသည်။ မင်းနန်သူရွာထိပ်ရှိ အရှေ့အိမ်ကိုဖြတ်ကျော်လျှောက်လာအပြီး၌ ခပ်လှမ်းလှမ်းတွင် နောက်ထပ်ခိုင်ခံ့သောအိမ်တစ်ခုကိုတွေ့ရသည်။ ထိုအိမ်ဆီသို့ ဦးတည်သွားလိုက်ရင်း ပွင့်နေသည့်ခြံတံခါးကနေပဲ အထဲသို့ဝင်ခဲ့ကာ မှိုင်းငယ်ကိုလှမ်းခေါ်မိသည်။

" မှိုင်းငယ် မှိုင်းငယ် ကိုကိုပါ မှိုင်းငယ် "

ကျွန်တော့် အော်သံနောက်တွင် မိုးဦးရုံနှင့်အတူ နောက်ထပ် အသက်ကြီးကြီးအဒေါ်တစ်ယောက်ကိုတွေ့ရသည်။ ခန္ဓာကိုယ်မှာပိန်ပါးပါးပဲဖြစ်ကာ ကြည့်ရတာ မိုးဦးရုံ၏အမေဖြစ်မည်။

" ညီလေး....မှိုင်းငယ်ရော။ အစ်ကို မှိုင်းငယ်နဲ့တွေ့ချင်လို့ "

" မြူမှိုင်းက ဒီမှာမရှိဘူး ကိုချမ်းမြေ့ "

" ဟုတ်လား သူရှိမယ့်နေရာလေး အစ်ကို့ကိုပြောပြနိုင်မလား "

ကျွန်တော်မေးတော့ မိုးဦးရုံနှင့်သူ့အမေက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကြသည်။ ပြီးနောက်တော့ အဒေါ့်ဆီကနေ စကားသံထွက်လာသည်။

" သားက ချမ်းမြေ့ဦးဝေထင်တယ်။ အချိန်ရမယ်ဆိုရင် အ‌ဒေါ်စကားနည်းနည်းပြောချင်တယ်ကွယ် "

မှိုင်းငယ်ကို ရှာဖို့စိတ်လောနေသော်လည်း လူကြီးသူမက တောင်းဆိုလာတာမို့ ကျွန်တော်ငြင်းဖို့ခက်သွားသည်။ ထို့ကြောင့် ခေါင်းညိတ်လက်ခံလိုက်ပြီး အဒေါ့်ရဲ့ခေါ်ဆောင်မှုကြောင့် အိမ်၏အနောက်ဘက်နေရာကျယ်လေးဆီသို့လိုက်လာခဲ့ရသည်။ ဘယ်ဘက်တွင်တော့ နွားတင်းကုတ်ငယ်လေးရှိကာ အထဲတွင်နွားတစ်ကောင်က ခပ်ခွေခွေလေးအိပ်နေသည်။ သူ့ မျက်နှာချင်းဆိုင်တွင် တမာပင်ကြီးတစ်ပင်ရှိကာ ထိုအပင်ကြီးကိုပတ်လျက် ဝါးကွပ်ပျစ်လေးတစ်ခုကိုဆောက်ထားသည်။ အဒေါ်က ထိုနေရာတွင် ထိုင်လိုက်တာမို့ ကျွန်တော်လည်းဘေးတွင်ဝင်ထိုင်လိုက်ပါတော့သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now