အခန်း ( ၆ ) [ Unicode ]

494 36 8
                                    

( Unicode )

ချမ်းမြေ့ဦးဝေ

ကိုယ့်စိတ်သဘောအတိုင်း လုပ်လို့မရနိုင်သည့် ဘဝကို ဘယ်အချိန်ကတည်းက စိတ်ကုန်နေမိသလဲဆိုတာကျွန်တော် မစဉ်းစားတတ်ပါ။ ငယ်စဉ်ကတည်းက အသိုင်းအဝိုင်းကြီးကြီးထဲ၌ ကြီးပြင်းလာခဲ့သော်ငြား လွတ်လပ်မှုဆိုတာမျိုးကို တစ်ခါမှမခံစားဖူးခဲ့။ အမေက ဒါဆိုရင်ဒါ ၊ အဖေကဒါဆိုရင်ဒါ ကျွန်တော့်မှာ ငြင်းဆန်ပိုင်ခွင့်တွေလည်းမရှိခဲ့။ ကျွန်တော်ကိုယ်တိုင်ကလည်း မငြင်းရက်ခဲ့တာပါလိမ့်မည်။ နုနယ်သေးသည့် ကလေးဘဝကတည်းက ပုံစံခွက်ထဲ အသွင်းခံခဲ့ရလို့များလား။ တစ်ခုခုဆိုလျှင် ကျွန်တော်ဟာ မိဘတွေကိုလွန်ဆန်နိုင်ဖို့ရာ ခက်ခဲသည်။ အသက် ၃၀ ရောက်သည်အထိ တစ်ခါမှပင် အတိုက်အခံမလုပ်ဖူးခဲ့သည်အထိဖြစ်သည်။ တစ်ခါတစ်လေ လိမ္မာရခြင်းဟာ အင်မတန်ပင်ပန်းရတာမျိုး။

သို့သော် အဲ့ဒီ့နေ့ကတည်းကဖြစ်ပါလိမ့်မည်။ ကျွန်တော့်ကို သိမ်းကြုံးဖက်ပစ်ပြီး လမ်းပေါ်ပစ်လှဲချခဲ့သည့် အဲ့ဒီ့ကောင်လေးနှင့် တွေ့ပြီးနောက်မှာ ကျွန်တော့်ကိုယ်ပိုင်ဘဝဆိုတာကို ပြန်လည်ရှာဖွေတွေ့ရှိသလိုခံစားရသည်။ အကြောက်အလန့်မရှိစွာ ကျွန်တော့်လက်များကိုဆုပ်ကိုင်ပြီး စိတ်ကို‌တည်ငြိမ်အောင်အရင်လုပ်ပါလို့ ပြောလာခဲ့သူ။ ကိုယ်အဆင်ပြေဖို့ထက် ကိုယ့်ဘေးနားကလူတွေအဆင်ပြေဖို့ဟာ ပထမဟုကြွေးကျော်လာခဲ့သည့် ကျွန်တော့်ရဲ့နေထိုင်ရှင်သန်ရာပုံစံခွက်ကို ပထမဆုံး လှလှပပဖျက်စီးပေးခဲ့သူ။ သူ့ဒဏ်ရာထက် ကျွန်တော့်စိတ်ကိုအရင်ဂရုစိုက်ပေးခဲ့သည့်သူ။

တွယ်ငြိခြင်းဟာ ကြောက်ဖို့ကောင်းပါဘိ။ အကြောင်းမရှိအကြောင်းရှာကာ ကျွန်တော့်ဆေးခန်းဆီ ချောင်းပေါက်မတက်လာသည့်သူက ရယ်စရာဟာသတွေကိုလည်း ပြောပြလို့ရယ် ၊ လွတ်လပ်စွာရယ်မောဖြစ်တဲ့နေ့တွေဟာ ကျွန်တော့်နေ့စဥ်ဘဝတွင် တော်တော်များများနေရာယူလာခဲ့သည်။ တစ်ခါတစ်လေ သူ မလာသည့်နေ့များဆို ကျွန်တော် သူ့ကိုမျှော်တတ်ခဲ့သည်။ ကလေးဆန်ဆန်အကြောင်းပြချက်တွေကို ကျွန်တော် စောင့်တတ်လာသည်။ မည်သို့သောပုံစံနှင့် ဟာသတွေကိုပြောပြဦးမလဲဟု ကြိုတင် စိတ်ကူးယဉ်လာတတ်သည်။ ပထမဆုံးပါပဲ။ ကျွန်တော့်အတွက်လည်း သူက ပထမဆုံးပဲဖြစ်လိမ့်မည်။ ကျွန်တော်ဖြစ်ချင်တာကို ဦးစားပေးပြီး ၊ ကျွန်တော်စိတ်ပျော်ရွှင်ဖို့အတွက်ပဲ ဂရုစိုက်တဲ့သူ။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now