ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၉ )

162 9 8
                                    

မှိုင်းမြေ့ဝေ။
မသိခဲ့ရလေသော အကြောင်းများ။

" ကိုဝီကရော ဘယ်အချိန်ကတည်းကလဲ "

" အဲ့ဒါကို ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်မလား "

" အဲ့ဒါကို ဘယ်လိုလုပ်သိမှာလဲလို့ "

" ဟမ် ဘာမသိတာလဲ "

တွေးရင်း ၊ စဉ်းစားရင်းဖြင့် ခေါင်းရှုပ်စွာ အသံထွက်အော်မိလိုက်ချိန်တွင် ဘေးမှာရှိနေသည့်လင်းဇော်ဦးက စကားထောက်လာသည်။ ယနေ့တော့ အိမ်တွင် မှိုင်းမြေ့တို့နှစ်ယောက်သာရှိနေသည်။ အစ်ကိုဟိန်းဇော်က သူ့ကျောင်းရှိသေးတာမို့ ရန်ကုန်ကိုပြန်သွားနှင့်ပြီဖြစ်ကာ မှိုင်းမြေ့တို့ကတော့ သန်ဘက်ခါလောက်မှပြန်ကြမည်ဖြစ်သည်။ ထို့ကြောင့် စာကိုကိုယ့်ဘာသာကိုယ်လုပ်ရင်း နှစ်ယောက်စလုံးခေါင်းပူအောင် သင်္ချာတွက်ပြီး၍ နားနေသည့်အချိန်ဖြစ်သည်။ ဧည့်ခန်းထဲတွင် တစ်ယောက်တစ်နေရာစီထိုင်နေကြလျက် ကော်ဖီတစ်ခွက်နှင့်အတွေးများနေကြသည်။ မှိုင်းမြေ့မှာတော့ မနေ့ညကဖြစ်ပျက်ခဲ့သည့်အဖြစ်ပျက်ပေါင်းများစွာကို ခေါင်းထဲကထုတ်မရသကဲ့သို့ ကိုဝီစဉ်းစားကြည့်ခိုင်းသည့် မေးခွန်း၏အဖြေကိုလည်း စဉ်းစားလို့မရနိုင်ဖြစ်ကာ သင်္ချာပါတွက်ထားသည့်အရှိန်နှင့် ဆံပင်များပင် မီးခိုးနံ့ရနေသည်ဟုထင်လာမိသည်။

" လင်းဇော်ဦး ငါပြောစရာရှိတယ် "

" ငါအရင်ပြောမယ် ခဏလေး "

မှိုင်းမြေ့က ခေါ်ရုံပင်ရှိသေး ၊ လင်းဇော်ဦးက သူထိုင်နေသည့်နေရာကနေ မှိုင်းမြေ့ရှိနေသည့် သုံးယောက်ထိုင်ခုံသို့ စွေ့ခနဲပြောင်းလာသည်။ သူကောင်းသားပုံစံမှာ စပ်ဖြီးဖြီးနိုင်လျက် ဘာကိုမေးမလဲဆိုတာကိုမသိသော်လည်း တော်တော်လေးကိုစိတ်လှုပ်ရှားနေပုံရ၏။

" မမနန္ဒာက ရည်းစားရှိလား "

" ဟ "

လင်းဇော်ဦး၏မေးခွန်းကြောင့် သောက်လက်စ ကော်ဖီပင် သီးတော့မလိုဖြစ်သွားရ၏။

" မင်းက ဘာလုပ်မလို့လဲ "

" သိချင်လို့ပေါ့ဟ "

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now