လွန်ခဲ့တဲ့ တစ်လက ယွန်းရိပ် ပုဂံကိုရောက်ဖြစ်ပါတယ်။ မေလပိုင်းရဲ့ နေအပူက ကျစ်ကျစ်တောက်ပြီး ဘုရားဖူးရ၊လည်ရ၊ပတ်ရတာကတော့ နေ့လယ်ပိုင်းတွေဆို မလွယ်လှပါဘူး။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေသာမကပဲ လူငယ်လူရွယ်တွေတောင် မနည်းတောင့်ခံရတဲ့ အပူချိန်ပါပဲလေ။ ဒီလို ပြင်းပြင်းပူတဲ့ နေရောက်အောက်မှာတော့ ပုဂံရဲ့ အုတ်နီနီဘုရားတွေဟာ မြင့်မြင့်မားမား ထုထုထည်ထည်နဲ့ သူတို့ရဲ့ ခမ်းနားမှုကို နည်းနည်းလေးမှ မလျှော့ခဲ့ကြပါဘူး။
ယွန်းရိပ်ကတော့ ပုဂံကိုရောက်တိုင်း မတူညီတဲ့လူတွေနဲ့ရောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ၊ မိဘဆွေမျိုးတွေနဲ့ စသဖြင့် သွားရင်း သွားရင်း ဒီတစ်ခေါက်အပါအဝင်ဆို ခုနစ်ခါလောက်ဖြစ်သွားပြီထင်ပါတယ်။ ဘယ်နှခါပဲရောက်ရောက် လေ့လာစရာတွေက မကုန်နိုင်မခမ်းနိုင်ဖြစ်နေတတ်တာမို့ နောက်ထပ်နှစ်တွေမှာလည်း ပုဂံကိုထပ်သွားဖို့ စိတ်ကူးရှိနေဆဲဖြစ်ပါတယ်။
အရင်ကတော့ ပုဂံကိုရောက်တိုင်း ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေကို သတိရသလို ၊ ရာဇဝင်ထဲက မင်းဆက်တွေ ၊ မိဖုရားနဲ့အမတ်တွေစသဖြင့် အများကြီး သတိတရရှိခဲ့ပါတယ်။ မြူမှိုင်းတို့ ဇာတ်လမ်းကို ဖန်တီးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ကိုယ်သတိရတဲ့ထဲမှာ မြူမှိုင်းတို့တွေပါ တစ်စတစ်စနဲ့ပါဝင်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက် ပုဂံရောက်ဖြစ်တော့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ခေါ်ဆောင်ရာအတိုင်း စိတ်ကူးထဲကနေ ဖြစ်ပေါ်လာခဲ့တဲ့ ဇာတ်ဝင်ခန်းလေးတွေရဲ့ တည်နေရာကို ရောက်ဖြစ်သလောက် မှတ်တမ်းတင်ဖြစ်ခဲ့တာမို့ စာဖတ်သူလေးတွေအတွက် မျှဝေပေးချင်လို့ ဒီ Chapter လေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။
အတွေးမှ လက်တွေ့သို့။
နေရာ ( ၁ )
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
General Fictionနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -
