အခန်း ( ၁၄ ) [ Unicode ]

394 28 0
                                    

( Unicode )

" ငါ့မှာ ငါ့မှာ......ကိုယ်ဝန်ရှိနေတယ် ငါ့မှာ ကလေးရှိနေတယ်လို့ "

" ဘာ ? "

" အဲ့နေ့ကဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဘယ်သူလဲဆိုတာကို မမှတ်မိတော့ဘူး။ တစ်ယောက်ယောက်က ဆေးခတ်ပြီးတော့.... "

" တော်တော့ "

မယုံကြည်နိုင်ခြင်းများစွာက ကျွန်တော့်စိတ်ထဲနေရာယူလာလျက် ဘာဆက်လုပ်ရမလဲ မသိတော့ဘဲ မူယာကြွယ့်ကို ကျောခိုင်းလိုက်မိသည်။ ရင်ဟာတလှပ်လှပ်တုန်နေလျက်ရှိပြီး ဒီအခြေအနေကြီးမှာ ဘာကိုလုပ်ရင် အမှန်ဖြစ်မလဲဆိုတာကိုသာ အပြေးအလွှားစဉ်းစားနေမိသည်။ နောက်ပြီး သူမ ပြောနေသည့်စကားတွေက အမှန်လားဆိုတာကိုလည်း ကျွန်တော်ဝေခွဲမရနိုင်အောင်ရှိသည်။ ဘယ်လောက်ပဲ လိမ်ပြောနိုင်တဲ့လူဆိုဆို ဒီလိုကိစ္စကိုတော့....။

" ငါတောင်းပန်ပါတယ် ချမ်းမြေ့ရယ်။ ဟင့် ဒီကိစ္စကိုလက်ခံပေးပါ။ ကိုယ်ဝန်ရှိနေတာ မေမေတို့သိရင် ငါ ဒုက္ခရောက်မှာ။ နော် ငါ့ကိုကူညီပေးပါ "

" ဘယ်သူလဲ "

" ဘာကို.... "

" ကလေးအဖေကိုပြောတာ "

ထပ်မံ၍ မျက်နှာချင်းဆိုင်လိုက်ရင်း မေးသည့်အခါ မူယာကြွယ်က ငြိမ်ကျသွားသည်။

" ငါ ငါ မသိဘူး "

" ကျစ် ! နင်မသိလို့ရမလား ! ဒီထဲက ကလေးအဖေကဘယ်သူဆိုတာကိုသိမှ သူ့ကိုအကျိုးအကြောင်းပြောပြပြီး တာဝန်ယူခိုင်းရမှာပေါ့။ နင် မသိဘူးဆိုတာဖြစ်နိုင်တဲ့ စကားလား။ ပြောလေ "

" ဆေးခတ်လိုက်တာလို့ ငါပြောပြီးသားပဲ "

" ဟုတ်ပြီ ဒါဆို ရဲကိုတိုင်ရမှာပေါ့။ ရဲကို‌တိုင်ပြီး သူလုပ်ခဲ့တဲ့ အပြစ်ကိုသူတာဝန်ယူရမှာပေါ့။ အဲ့တော့ အဲ့ဒီ့ဆေးခတ်မခံရခင် နင် ဘယ်သူနဲ့ရှိနေခဲ့လဲ "

မထုံတက်တေးလုပ်နေသည့် မူယာကြွယ့်ကိုကြည့်ရင်း ကျွန်တော် စိတ်တိုလာမိသည်။ ဒီလိုအခြေအနေတွင် သိလိုက်ရသည့် အဖြစ်တစ်ခုအတွက် ခေါင်းလည်းရှုပ်သွားသလို ငယ်သူငယ်ချင်းဖြစ်နေခဲ့သည့် မိန်းကလေးတစ်ယောက်တွင် ဤကဲ့သို့ကိစ္စမျိုးရှိနေခဲ့သည့်အခါ ကျွန်တော် ဘာကိုမှရေရေရာရာ မစဉ်းစားတတ်တော့ပေ။ ဒေါသထွက်တာရော ၊ ဘာဆက်လုပ်ရမလဲ မသိတာရောပါပေါင်းပြီး ရူးသာသွားချင်တော့သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now