ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၈ )

148 10 8
                                    

ဝီရစည်သူ
မပြောဖြစ်ခဲ့လေသော အကြောင်းများ။

" ဆေးတွေ ပုံမှန်သောက်ဖြစ်တယ်မလား "

" ဟုတ် သောက်ပါတယ် "

ကိုသက်မောင်၏အမေးကို ဝီရ ဂရုတစိုက်ဖြေလိုက်ပါသည်။ ကိုသက်မောင်ဆိုသည်မှာ ဝီရ၏ အတိုင်ပင်ခံ ဆရာဝန်ဟုဆို၍လည်းရမည် ၊ သို့မဟုတ် ဝီရတွင်ဖြစ်ပျက်နေသည့် စိတ်ပိုင်းဆိုင်ရာရောဂါအတွက် ကုသပေးနေသည့် စိတ်ရောဂါကုဆရာဝန်ဟုလည်းပြော၍ရလိမ့်မည်။

" ချိန်းထားတဲ့ရက်ထက်စောပြီး ရောက်လာလို့ ဘာများထပ်ဖြစ်လို့လဲဆိုပြီးတော့ ပူထူသွားတာပဲ ငါ့ကောင်ရာ။ ‌အခုစစ်ကြည့်ရသလောက် ပုံမှန်ပါပဲ။ သက်သာနှုန်းလည်း တိုးတက်လာတယ် "

ကိုသက်မောင်က သူ့လက်ထဲရှိဆေးစစ်ချက်စာရွက်ဖိုင်များကို စားပွဲပေါ်သို့ချလိုက်ရင်း ပြောလာသည်။ ယခုဝီရရှိနေသည့်နေရာမှာ ရန်ကုန်မြို့ရှိဆေးရုံတစ်ခု၏ စိတ်ကျန်းမာရေးဆိုင်ရာဌာနတွင်ဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် ထိုဌာနတွင်တာဝန်ကျနေသော စိတ်ရောဂါကုဆရာဝန်ကိုသက်မောင်၏ ရုံးခန်းထဲတွင်ဖြစ်သည်။

" ရန်ကုန်မှာရှိတဲ့ ကျွန်တော့်ညီမွေးနေ့က မနက်ဖြန်မို့လို့ လာလက်စနဲ့စောပြီးလာလိုက်တာ။ ဆေးလည်းပုံမှန်သောက်ဖြစ်ပေမယ့် ကျွန်တော့်ကို ပိုကောင်းတဲ့အိပ်ဆေးတစ်ခုလောက် ညွှန်းပေးလို့ရမလား။ အရင် အစ်ကိုညွှန်းပေးတာက သောက်လည်းအိပ်မပျော်လို့ "

ကိုသက်မောင်က ဝီရ၏အဖြေကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလျက် ထိုင်နေရာမှထသည်။ ဘာမှတော့မပြောလာပေ။ ပြီးနောက် ရုံးခန်း၏ထောင့်တွင်ရှိသော ရေနွေးအိုးများတင်ထားရာ စားပွဲသို့လျှောက်သွားပြီး အသင့်ဖျော်ကော်ဖီတစ်ထုတ်ကိုဖောက်ဖျော်၍ ဝီရဆီသို့ပြန်လာကာ ထိုကော်ဖီခွက်ကိုရှေ့တွင်ချပေးသည်။ သောက်စေချင်၍ဖျော်တိုက်သည်ဖြစ်တာမို့ ကျေးဇူးတင်စကားကို ခပ်တိုးတိုးပြောလိုက်ပါသည်။ ကိုသက်မောင်က ဝီရ၏ ကျေးဇူးတင်စကားကို ခေါင်းညိတ်၍လက်ခံကာ နေရာတွင်ပြန်ထိုင်သည်။ အချိန်ခဏယူပြီးနောက်မှာတော့ တုံ့ပြန်စကားပြောလာသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now