( Unicode )
" အတွင်းအံ့ဖွယ်ကိုးပါးကို ကင်းဝန်မင်းကြီးက ကဗျာတစ်ပုဒ်စပ်ခဲ့တယ်။ ထီးမဆိုင်း ၊ တံတိုင်းမှာရိပ်တည် ၊ မလွင့်ရွှေလှောင်ပ ၊ ဗိုလ်သောင်းထောင် ဝင်မကျပ်သည့်ပြင် ဆွမ်းကပ်သူ လက်မဦးနိုင်ဘု ၊ မထူးမြည်ကြာဟီး ၊ တီးတော့ရွှေစည် ၊ မြင့်ဝှမ်းယောင် ထင်စနိုးရသည့် ၊ မိုးကပ်ပြုရေအရည် ၊ အနည်းမျှမကြွင်း ၊ ချရားပင်ဒွါဒသင် ခါမလင့်ပြီဘု ၊ ဖူးကြုံထုံတဲ့ ၊ ဇေယျခုံ အံဖွယ်ကိုးကို ၊ တိုးခဝပ်စင်း ဆိုပြီးတော့ ပေါ့ "
ဖိုးစည်လေးက အတန်အသင့်အကျဉ်းချုပ်ပြောပြပေးပြီးသည့်နောက်မှာတော့ မုန့်ဖိုးပေးကာပြန်လွှတ်လိုက်သည်။ ယခုမှာ မြူမှိုင်းက ဦးဆောင်၍ရှင်းပြနေခြင်းဖြစ်သည်။ ဤအချိန်တွင်တော့ ရယ်မောခြင်းများလည်းမရှိတော့ဘဲ အကုန်လုံးက အာရုံစူးစိုက်၍နားထောင်နေကြသည်။
ရွှေစည်းခုံ၏အတွင်းအံ့ဖွယ်ကိုးပါးအား နားလည်လွယ်အောင်ဘာသာပြန်ရလျှင် ဤသို့ရှိသည်။
၁။ ထီးတော်သည် ကြီးမားသော်လည်း သံကြိုးမဆိုင်းရခြင်း။
၂။ တံတိုင်းအပြင်ဘက်သို့ အရိပ်မထွက်ခြင်း။
၃။ အထက်ကြာလန်မှ ငွေစက္ကူ (သို့) မည်မျှပင်ပေါ့ပါးသောအရာအား ပစ်ချစေကာမူ တံတိုင်းအပြင်ဘက်သို့လွင့်မသွားခြင်း။
၄။ ဘုရားဖူးသူများမည်မျှပင် မြောက်များစွာလာစေကာမူ ရင်ပြင်အတွင်း၌ မပြည့်ကြပ်ခြင်း။
၅။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ပထမသပိတ်တော်တွင် မည်သူမျှ ဆွမ်းဦးအောင် မတင်နိုင်ခြင်း။
၆။ တစ်ဘက်မှတီးသော စည်သံကို နောက်တစ်ဘက်က မကြားရခြင်း။
၇။ ဘုရားအတွင်းသို့ရောက်သောအခါ မြေနိမ့်တွင် တည်ထားသည်ဟုထင်ရသော်လည်း အပြင်ကကြည့်လျှင် ကုန်းပေါ်မှာတည်ထားသည်ဟုထင်ရခြင်း။
၈။ မိုးသည်းထန်စွာရွာသော်လည်း ရင်ပြင်၌ရေမတင်ခြင်း။
၉။ စေတီတော်၏ အရှေ့တောင်ဘက်ရှိ စံပယ်ပင်သည် ဆယ့်နှစ်ရာသီ ပွင့်ခြင်း။" ဒီရေကွက်လေးက အားလုံးလည်းသိပြီးလောက်ပြီဖြစ်မှာပါ။ ဒီကနေကြည့်ရင် ဘုရားတစ်ဆူလုံးကိုမြင်ရတယ် စိန်ဖူးတော်အထိပေါ့။ ဖုန်းနဲ့ရိုက်ပြီးကြည့်ရင် ပိုမြင်မယ်ထင်တယ် "
![](https://img.wattpad.com/cover/334236688-288-k95898.jpg)
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
General Fictionနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -