ကျေးဇူးတင်လွှာ

221 14 9
                                    

 
ယွန်းရိပ်ရဲ့ဝတ္ထုလေးကို အချိန်ပေးပြီးတော့ သေချာဖတ်ပေးကြတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ချင်တာမို့လို့ သပ်သပ်ကျေးဇူးတင်လွှာလေးရေးလိုက်တာပါ။

စာရေးတာကိုဝါသနာပါတော့ ကိုယ့်ဘာသာကိုယ် ဖုန်းထဲမှာပဲရေးပြီး သိမ်းရင်းသိမ်းရင်းနဲ့ နောက်တော့မှဆုံးဖြတ်ချက်ချပြီး Wp Platform မှာတင်ဖြစ်ခဲ့တာပါ။ အများကြီး‌မမျှော်လင့်ရဲခဲ့ပေမယ့် သေချာဖတ်ပေးတဲ့စာဖတ်သူလေးတွေရှိလို့ တကယ်ကိုအများကြီးပျော်ရွှင်ခဲ့ရပါတယ်။ Update မမှန်ပေမယ့်လည်း စောင့်ပြီးဖတ်ပေးလို့ အများကြီးကျေးဇူးတင်ပါတယ်ကွယ်။ ယွန်းရိပ်စာတွေကိုဖတ်ရင်းနဲ့ သုတဖြစ်ဖြစ် ၊ ရသဖြစ်ဖြစ် တစ်ခုခုတော့ကျန်ခဲ့ရင်ကောင်းမယ်လို့တွေးပြီး ပုဂံဘုရားတွေရဲ့သမိုင်းကြောင်းတွေကိုလည်း လေ့လာရှာဖွေမိသလောက်လေးထည့်ရေးထားပါတယ်။

အဲ့ဒီ့သမိုင်းတွေအတွက် ကိုးကားထားတဲ့ စာအုပ်‌တွေကတော့ ပါရဂူရဲ့ " ပုဂံခရီးသည် " ၊ ဦးဗိုကေရဲ့ " ပုဂံသုတေသနလမ်းညွှန် " ၊ မှန်နန်းရာဇဝင်တော်ကြီး စတဲ့စာအုပ်တွေဖြစ်ပါတယ်။ ပုဂံက ပရလောကနဲ့ပက်သက်တဲ့စာစုကိုတော့ သုတပူရဆိုတဲ့ Facebook page က ဆောင်းပါးကနေကောက်နှုတ်ထားပါတယ်။ အကယ်၍ စာဖတ်သူတို့ကစိတ်ဝင်စားလို့ ထပ်ပြီးလေ့လာချင်ရင် အပေါ်ကစာအုပ်တွေကိုဖတ်လို့လည်းရသလို ၊ သုတပူရဆိုပြီး Facebook မှာ ရိုက်ရှာရင်လည်း ပုဂံနဲ့ပက်သက်တဲ့ဆောင်းပါးတွေကို တွေ့ရမှာပါ။ အကယ်၍များ အမှားတွေပါခဲ့သည်ရှိသော် ယွန်းရိပ်ရဲ့လေ့လာမှုလိုအပ်ချက်တွေကြောင့်မို့လို့ နောက်ထပ်နောက်ထပ်သော ဝတ္ထုတွေမှာအများကြီးပိုကြိုးစားသွားပါ့မယ်။

မြူမှိုင်းမောင်နဲ့ချမ်းမြေ့ဦးဝေဆိုတဲ့ အမျိုးသားနှစ်ယောက်ရဲ့အချစ်ခရီးလေးမှာ အတူတူလိုက်ပါစီးမျောပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ထပ်ပြီးတော့ကျေးဇူးတင်ရပါတယ်ရှင်။

___________________________________________

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now