အခန်း ( ၇ ) [ Unicode ]

428 31 11
                                    

( Unicode )

ဝိုးတဝါးဖြစ်နေသည့် မျက်နှာကျက်ဟာ အဖြူရောင်။ မီးသီးအဖြူဟာ မြူမှိုင်း မျက်လုံးကိုတော်တော်လေး စူးစေတာမို့ တစ်ဖန်မျက်လုံးပြန်မှိတ်ပြီးကာမှ ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ အသိစိတ်ဝင်လာသည်နှင့် ခေါင်းထဲရောက်လာသည့် အတွေးက ကိုကိုမရှိတော့ဘူးဆိုသော အကြောင်းအရာဖြစ်သည်။ ကြောက်ရွံ့စွာဖြင့် ဆတ်ခနဲထထိုင်မိတော့ ဘယ်ဘက်လက်ဖမိုးကနေ စူးခနဲခံစားလိုက်ရသည်။ အားဆေးတစ်ချို့က ထိုအပ်မှတစ်ဆင့် မြူမှိုင်း၏ ခန္ဓာကိုယ်ထဲသို့စီးဝင်နေသည်။ ဘေးဘီဝဲယာကိုကြည့်မိတော့ဘယ်သူမှရှိမနေခဲ့။ လူနာကုတင်တွေဟာလည်း လွတ်လပ်နေလျက်ရှိသည်။

" ကိုကို "

ခပ်တိုးတိုးခေါ်မိ‌သော အသံအဆုံးတွင် မြူမှိုင်းမြင်ကွင်းထဲရောက်လာသည့် ပုံရိပ်လေးတစ်ခု။ ဆံပင်အုပ်အုပ်တွေနှင့် မျက်ဝန်းဝိုင်းဝိုင်းတွေနှင့်။ ဒီပုံရိပ်ဟာ ကိုကို့အငွေ့အသက်တွေနှင့် များစွာပြည့်နှက်နေကာ မြူမှိုင်းဆီကို ဦးတည်၍လာနေသည်။ မျက်ဝန်းတွေထဲမှာလည်း စိုးရိမ်ခြင်းအပြည့်ဖြင့်။

" မှိုင်းငယ် "

ခေါ်သံကြောင့် ကိုကိုမှန်းသိလိုက်ရသည့်အချိန်တွင် လှမ်းဖက်ချင်စိတ်အား မြိုသိပ်လိုက်ရသည်။ စိတ်ကုန်စရာကောင်းတယ်လို့ပြောခဲ့တယ်မလား။ ကိုကို စိတ်ကုန်ရမယ့် ကိစ္စမျိုးတွေ မြူမှိုင်းမလုပ်တော့တာကောင်းလိမ့်မည်။

မြူမှိုင်းက ကိုကိုနှင့်အကြည့်လွှဲကာ ခုတင်ဘက်ကိုနောက်ဆုတ်လိုက်မိသည်။ သို့သော် ကိုကိုက မတွန့်ဆုတ်ဘဲ ကုတင်အစွန်းလေးပေါ် တက်ထိုင်သည်။ ထို့ကြောင့် အလိုလိုနေရင်း ခန္ဓာကိုယ်ကိုကျုံ့လိုက်မိသည်။

" ဟို ကျွန်တော် တောင်းပန်ပါတယ်။ ကိုကို့ကို အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ် "

ပြောပြီးသည်နှင့် ကုတင်တစ်ဖက်ကနေ ဆင်းရန်ပြင်သည့် မြူမှိုင်းကို ကိုကိုကစ၍ လက်လှမ်းဆွဲထားသည်။ အံ့ဩချိန်ပင် မရလိုက်ပါ။ ထိုညတုန်းက ကိုကို့ဘက်မှစ၍ မြူမှိုင်းကို တင်းနေအောင် ဖက်တွယ်လာခဲ့သည်။ အရာရာဟာရပ်တန့်သွားသလို ခံစားချက်နှင့်အတူ မြူမှိုင်း၏ လက်တွေပင် ကိုကို့ကျောပေါ်သို့ မတင်ရဲပေ။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now