ဇာတ်သိမ်းပိုင်း ( ၂ ) [ Unicode ]

2.5K 76 18
                                        

( Unicode )

မဟူ‌ရာကောင်းကင်ယံထက်တွင် ရွှေလဟာဝိုင်းစက်လျက်သာနေသည်။ အာနန္ဒာဘုရားအနီးကကွင်းပြင်ကြီးထဲတွင် မီးရောင်စုံဈေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိနေသည်။ မလှမ်းမကမ်းတွင်ဇာတ်စင်တစ်ခုရှိကာ ထိုစင်ရှေ့တွင်တော့ လူကြီးလူငယ်အရွယ်သုံးပါးမရွေး အကုန်လုံးက ဖျာများခင်း၍နေရာယူထားကြပြီသည်။ သီချင်းသံကိုမကြားရသေးဘဲ လူအများ၏စကားပြောဆူညံသံတွေကိုသာ ကြားနေရသည်။ ထိုမျှသာမက စားသောက်တန်းဘက်ရှိ တရှဲရှဲမြည်နေသာ အကြော်အလှော်အိုးများ၏အသံကလည်း ဗိုက်ပို၍ဆာစေနိုင်မည်။ လူလျှောက်လမ်း၏‌ဘေးတစ်ဖက်၌ လက်ဆောင်ပစ္စည်းများရောင်းချသည့်ဆိုင်များရှိ၍ နောက်တစ်ဖက်ကတော့ စားသောက်တန်းများဖြစ်သည်။

" အဲ့ဒါလေးက ၅၅၀၀ ပါခင်ဗျ "

" အစ်ကို ကျွန်တော့်ကိုစက္ကူလေးယူပေးပါဦး "

" ကိုကြီး အဲ့ဒါစက္ကူမပတ်နဲ့တော့ ရတယ် "
 
ဝီရ၏ယွန်းထည်ဆိုင်လေးက လက်ပင်မလည်အောင် ရောင်း၍ကောင်းနေသည်။ ကိုကြီးမိုးဦးနှင့်ကိုယံကောင်းတို့က လာကူညီပေးသည်မို့သာ သူ အနည်းငယ်အသက်ရှုချောင်ရသည်။ ဝီရ၏ ယွန်းထည်ပစ္စည်းများက ဒီဇိုင်းလည်းဆန်းသလို အမြင်လည်းလှတာမို့ တခြားဆိုင်ထက်စာလျှင် ပို၍မျက်စိထင်းနေတာကြောင့်ဖြစ်မည်ထင်သည်။ တစ်နာရီလောက်ဆက်တိုက်ရောင်းချပြီးသည့်နောက် ဇာတ်စင်ဆီက စောင်းသံသာသာထွက်လာတော့မှ လူအနည်းငယ်ပါးသွားတော့သည်။ လူအများ၏အာရုံစူးစိုက်မှုက တေးသံလာရာတွင်ရှိနေခဲ့ပြီး စင်ပေါ်တွင် လှပသော အမျိုးသမီးတစ်ယောက်က စောင်းကောက်လေးကိုငြိမ်းချမ်းစွာတီးနေသည်။ သူမ၏ဘေးတွင် စည်းဝါးတီးနေသည့် လူငယ်တစ်ယောက်လည်းပါသေးသည်။ ထိုလူငယ်၏ဘေးတွင် အဆိုရှင် မိန်းကလေးတစ်ယောက်က ယမုံနာပတ်ပျိုးကို သူမ၏ချိုသာသောအသံဖြင့် စည်းချက်ဝါးကျ သီဆိုနေသည်။

" သီချင်းကြီးအရသာကို ငတ်နေတာနဲ့အတော်ပဲ။ ဒီမိန်းကလေး အဆိုတော်တော်ကောင်းတယ် "

ကိုယံကောင်းအိမ်က အဆိုရှင်ကိုချီးကျူးသည်။ ဝီရလည်း အသံတိတ်ခေါင်းညိတ်ထောက်ခံလိုက်ရင်း လျစ်လျူရှုထားမိသောမိမိဖုန်းကို ဖွင့်ကြည့်မိသည်။ ဖွင့်ဖွင့်ချင်းမှာပင် screen ပေါ်တွင်မြင်လိုက်ရသော အနီရောင် missed call များကြောင့် မျက်လုံးများပင်ပြာ၍သွားရသည်။ ဘုရားသခင်....ဝေက ဖုန်းတွေ ငါးခါတောင်ခေါ်ထားတာပဲ။ အချိန်ပင်မဆွဲဘဲ ဝီရ ဖုန်းပြန်ခေါ်လိုက်သည်။ တစ်ခါမှ ဝေကဒီလောက်အများကြီး ဖုန်းမခေါ်ဖူးတာမို့ စိုးရိမ်သွားရခြင်းလည်းဖြစ်သည်။ တစ်ခုခုများ အန္တရာယ်ဖြစ်တာလားဟုထင်၍ ဝီရရင်ထဲ‌ဗလောင်ဆူ၍သွားသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now