ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၇ )

159 12 10
                                    


လူတွေဟာ သူတို့ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ချစ်ကြောင်းပြဖို့အတွက် နည်းလမ်းအမျိုးမျိုးကိုသုံးလေ့ရှိသည်ဆိုလျှင် မှိုင်းမြေ့၏အချစ်ဘာသာစကားမှာ စိုးရိမ်ပူပန်ခြင်းနှင့်အနားမှာရှိနေပေးချင်ခြင်းဖြစ်လိမ့်မည်ထင်သည်။ ချစ်ရသူ၏စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုဖြစ်စေ တစ်ခုခုကြောင့်ထိခိုက်မိမှာကို စိုးရိမ်ပူပန်မှုလွန်ကဲသကဲ့သို့ ထိုသို့စိုးရိမ်ရသလောက် ချစ်ရသူ၏အနားတွင်ပို၍ကပ်နေချင်ခဲ့သည်။

" အစ်ကို့အိမ်ကို မလိုက်ခဲ့လည်းရရဲ့သားနဲ့။ ဝေတစ်ယောက်တည်း ညဘက်ကြီးဘယ်လိုပြန်မလဲ "

ခြံတံခါးသော့ကိုဖွင့်နေလျက်ကနေ ကိုဝီက မှိုင်းမြေ့ကိုအမေးပြုလာပါသည်။ သော့ဖွင့်နေလက်စ ကိုဝီ့လက်ဆစ်များက နီရဲပေါက်ပြဲနေခဲ့သည်။ ထိုဒဏ်ရာများသည် မည်မျှပင်အားပါပါထိုးကြိတ်ခဲ့တယ်ဆိုတာကို သက်သေခံနေသကဲ့သို့ရှိသည်။ ထို့ကြောင့်ပင် မှိုင်းမြေ့သည် မိမိအိမ်တွင်မကျန်ခဲ့နိုင်ဘဲ ကိုဝီနှင့်အတူလိုက်လာခြင်းဖြစ်သည်။ ကိုဝီက သူတစ်ယောက်တည်းဆိုလျှင် ဒီဒဏ်ရာများကိုဆေးမထည့်ဘဲထားလိုက်မည်ကို မှိုင်းမြေ့ သိနေသောကြောင့်ဖြစ်သည်။

" အခုမှ ရှစ်နာရီပဲရှိပါသေးတယ်။ ပြီးတော့ ကျွန်တော်က ယောကျာ်းလေးပါနော်။ တစ်ယောက်တည်းပြန်လည်း ကိစ္စမရှိပါဘူး "

မှိုင်းမြေ့ချေပချက်ပေးနေစဉ်မှာပင် ခြံတံခါးသော့ပွင့်သွားကာ နှစ်ယောက်စလုံးအိမ်ထဲသို့ဝင်လာခဲ့သည်။ အမှောင်ကျနေသောအိမ်အတွင်းပိုင်းကြောင့် ဘာကိုမှမမြင်နိုင်ဘဲရှိရာ ဖုန်းထဲက flashlightကိုဖွင့်ရန် ဖုန်းထုတ်လိုက်သော်လည်း ကိုဝီက အမှောင်ထဲတွင်နေသားကျစွာဖြင့် မီးခလုတ်ကိုအရင်ဖွင့်လိုက်သည်။ လင်းခနဲဖြစ်သွားတာကြောင့် မှိုင်းမြေ့မျက်လုံးများပင် ကျိန်းစက်သွားရသည်။ အိမ်ကလေးကတော့ တိတ်ဆိတ်စွာဖြင့် သခင်ကိုမျှော်နေသည့်အလား တည်ငြိမ်အေးဆေးနေသည်။ ပစ္စည်းများက သပ်ရပ်သန့်ရှင်းလျက် သူ့နေရာနှင့်သူ အစီစဉ်တကျရှိနေသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now