( Unicode )
အတွေးများနဲ့ ကမ္ဘာလည်။
ကိုယ့်ဝင်သက်တွေဟာ
မင်းရဲ့ နှလုံးခုန်စည်းချက်တွေနဲ့
ထပ်တူကျချင်မိတဲ့ နေ့ရက်တွေပါပဲ။
အချစ်ရယ်
ဘဒ္ဒကမ္ဘာမှာ မဆုံနိုင်ခဲ့လည်း
နောက်ထပ် နောက်ထပ်သော ကမ္ဘာတွေမှာ
ကိုယ်ဟာမင်းကို ကြိုစောင့်နေမှာဖြစ်ကြောင်း။___________________________________________
" အဲ့နေ့က မင်းကိုလိမ်ခဲ့တာမှန်ပေမယ့် အငှားကိုယ်ဝန်ဆောင်ဖို့အတွက်တော့မဟုတ်ဘူး မှိုင်းငယ်။ မူယာကြွယ့်ဆီမှာ နဂိုကတည်းက ကိုယ်ဝန်ရှိနေခဲ့တာ "မှိုင်းငယ်၏မျက်ဝန်းများ လှုပ်ရှားသွားသည်ကို ကျွန်တော် သဲသဲကွဲကွဲမြင်နေရသည်။ လမ်းမီးတိုင်၏ ဝါကျင့်ကျင့်အရောင်ဟာ မှိုင်းငယ်၏ မျက်နှာတစ်ဖက်ခြမ်းကို ဝါနေစေခဲ့သည်။ ကျွန်တော်နှင့်မှိုင်းငယ်က မျက်နှာချင်းဆိုင်ရပ်နေမိကြသည်ဖြစ်ကာ ကျွန်တော်တို့၏ဘေးတွင် E Bike ကိုစက်ရပ်ထားသည်။ ကျွန်တော့်နောက်ကျောဘက်တွင်တော့ ကျွန်တော်တို့တည်းသည့် ဟိုတယ်။ ဟုတ်သည်။ ဟိုတယ်ထဲ မဝင်ခင်အချိန်လေးရောက်မှပင် ကျွန်တော် အားတင်း၍ ဒီစကားကို ပြောထွက်နိုင်သည်။
" ကလေးအဖေက တာဝန်မယူနိုင်ဘဲ ပျောက်သွားတဲ့အချိန်မှာ မူယာကြွယ်က ကိုကို့ကို အငှားကိုယ်ဝန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကူညီပေးဖို့ ပြောလာခဲ့တာ။ ဒီကိစ္စကို ဘယ်သူ့ကိုမှလည်းမသိစေချင်ဘူးတဲ့။ အဲ့ဒီ့ထဲမှာ မင်းလည်းပါခဲ့တယ် မှိုင်းငယ် "
စိတ်လှုပ်ရှားသဖြင့် ကျွန်တော့် လက်များကို အချင်းချင်း ဆုပ်နှယ်နေမိသည်။ နှလုံးခုန်သံတို့ မြန်နေသည်ကိုလည်းခံစားမိပြီး အသံတွေပင် တုန်လာသလိုခံစားရသည်။ သို့သော် မှိုင်းငယ်က ကျွန်တော် ထပ်ပြောလာမည့် စကားကိုသာ မလှုပ်မယှက် စောင့်၍ နားထောင်နေသည်။
" သူပြောသလို ကိုကိုမကူညီနိုင်လို့ တခြားနည်းလမ်းစဉ်းစားကြည့်ခဲ့ကြတယ်။ အဲ့ဒါက မန္တလေးက ကိုကို့သူငယ်ချင်းဆရာဝန်ဆီမှာအပ်ပြီး အဲ့ဒီ့မှာပဲ တိတ်တိတ်လေး ကလေးမွေးခိုင်းတာပဲ။ ဒါကြောင့် ကိုကို သူ့ကို မန္တလေးခေါ်သွားဖို့လုပ်ခဲ့တာ မှိုင်းငယ်။ မင်းကို လိမ်ခဲ့မိတယ်ဆိုတာက.....လိမ်ခဲ့မိတာက ကိုကို ပြောပြရင် မူယာကြွယ်က ကလေးကိုဖျက်ချပစ်မယ်ဆိုလို့။ မင်းကို အမှန်အတိုင်းပြောပြဖို့ ကြိုးစားကြည့်ခဲ့ပေမယ့် သူ့စကားတွေကို ကိုကို့ နားထဲကမထွက်လို့ မပြောနိုင်ခဲ့ဘူး "
YOU ARE READING
မှန်လေးတစ်ချပ် ခြားထားသလို
General Fictionနှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြီး အမျိုးသားနှစ်ဦးကြားက ကာဆီးထားတဲ့ မှန်လေးတစ်ချပ်... ဒီလိုနဲ့ပဲ နီးနေရင်းကနေ ဆွေး... - Yoon Yeik -