ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၁၀ )

131 5 4
                                    


ကျေးငှက်များ၏ တကျီကျီအသံက အိပ်ခန်းထဲအထိ တိုးဝင်လာသောကြောင့် ဝီရမှာ ဆက်အိပ်၍မရနိုင်တော့ပေ။ မျက်လုံးတို့ကို ဖွင့်လိုက်သည့်အခါ ရင်းနှီးနေသော မျက်နှာကျက်ကိုတွေ့ရပြီး ခန္ဓာကိုယ်ကတော့ လန်းဆန်းနေသည်ဟု ခံစားရသည်။ အိပ်ရာထမည်အပြုတွင် မိမိ၏ ညာလက်တစ်ဖက်က တင်းခနဲဖြစ်သွားတာကြောင့် ဘေးကိုကြည့်လိုက်သည့်အခါ ဝီရလက်ကိုဆုပ်ကိုင်၍ ကုတင်ပေါ်ကိုခေါင်းတင်အိပ်နေသည့် ဝေ့ကိုတွေ့ရသည်။

" ဇက်တွေနာနေတော့မှာပဲကွာ "

စိုးရိမ်စိတ်ကြောင့်မိမိ၏လက်ကို ရုန်းဖို့ကြိုးစားလိုက်သော်လည်း ဝေက ခပ်တင်းတင်းပြန်ဆုပ်ကိုင်ထားသဖြင့် လှုပ်လို့မရတော့ချေ။ ဝေကတော့ အမှန်တကယ်ပင် အိပ်ပျော်နေပုံရကာ အခုလိုလုပ်မိတာကိုတောင် သိပုံမရပေ။ ထို့ကြောင့် သဘောတကျဖြင့် ပြုံးလိုက်မိ၏။ မနက်ခင်းအစ‌တွင် ကြည်လင်နေသည့် ဝေ့မျက်နှာကိုမြင်ရသည်မှာ ဝီရအတွက် ဘုရားက ဖန်ဆင်းပေးသည့် ဆုလာဘ်လေးတစ်ခုကဲ့သို့ ခံစားရစေသည်။ ဝီရသည် ဝေ့နဖူးပေါ်ကျနေသည့် ဆံပင်လေးတချို့ကို ထိတွေ့ရန်ကြိုးစားလိုက်သော်လည်း မကိုင်ရက်စွာဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။ ဖြူနုနေသောအသားအရေသည် ထိမိလိုက်လျှင် ပဲ့ကြွေသွားတော့မလို ဝီရအတွက် နူးညံ့နေခဲ့သည်။ တည်ငြိမ်နေသည့် မျက်တောင်လေးများက ကဗျာတစ်ပုဒ်ဖြစ်ကာ နီညိုရောင်နုနုသမ်းနေသော နှုတ်ခမ်းဖူးဖူးတို့ဟာ ပြီးအောင်မဖတ်ရက်သည့် ဝတ္ထုရှည်ရှည်တစ်ပုဒ်ဖြစ်နေခဲ့သည်။

ဒီအဖြူလုံးလေးက ငါ့ကို ချစ်တယ်တဲ့လား။

အရာရာဟာ အိပ်မက်မဟုတ်ခဲ့သည့်တိုင် အိပ်မက်ကဲ့သို့ပင် ဝီရအတွက် လှပခဲ့သည်။ ဝေ့ကိုမြင်တိုင်း ထိုညဟာ အိပ်မက်လားဟု သံသယဝင်ရမြဲဖြစ်ကာ ကိုယ့်ကိုယ်ကိုယ်လည်း မယုံနိုင်ဖြစ်ရသည်။ တစ်ဖက်တည်းကနေ ချစ်ခဲ့ရာမှ မထင်မှတ်ထားစွာဖြင့် ဒီကောင်လေး၏အချစ်တို့ကိုပြန်ရရှိသည့်အခါ ဤကမ္ဘာတွင် ငါဟာအပျော်ဆုံးလူပါဟု ဟစ်ကြွေးချင်မိသည်အထိ ဖြစ်ခဲ့ရသည်။ မှောင်ပိတ်နေသည့်အခန်းထဲတွင် မီးခြစ်ဆံလေးတစ်ချောင်းကို ကောက်ရလိုက်သည့် မျှော်လင့်ချက်မျိုးဖြစ်ခဲ့သည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now