အခန်း ( ၁၃ ) [ Unicode ]

398 24 2
                                    

( Unicode )

" ဆင်းတော့ "

မူယာကြွယ်တို့‌ နေအိမ်ရှိသည့် လမ်းထိပ်တွင် Taxi ဦးလေးကြီးကို ကားရပ်ခိုင်းလိုက်ပြီးနောက် ဘေးမှာထိုင်နေသည့် မူယာကြွယ်ကို ကျွန်တော် ခပ်တည်တည်ပြောလိုက်သည်။ အမူးမပြေသေးဟန်ရှိနေသည့် မူယာကြွယ်၏ မျက်လုံးတို့က လေးလံနေသည်။ လက်ကနာရီကိုကြည့်မိသောအခါ ခုနစ်နာရီထိုးနေပြီ။ အိမ်ကိုပြန်ချင်စိတ်သာ ကျွန်တော့်ထံတွင် ကပ်ငြိနေခဲ့သည်။

" မလာလောက်ဘူးထင်ထားပေမယ့် လာခေါ်တယ်ဆိုတော့ နင်ငါ့အပေါ်မှာ စိတ်ရှိနေသေးတယ်မလား "

" အဓိပ္ပာယ်မရှိတာတွေပြောမနေဘဲ ကားပေါ်ကဆင်းပြီး အိမ်ပြန်တော့ မူယာကြွယ် "

" ပြန်မှာပါ ပြန်မှာပါ ချမ်းမြေ့ရယ် "

ဆိုင်ဝန်ထမ်းကောင်လေးဆီက သတင်းကြားရသည်နှင့် ကျွန်တော် ထိုနေရာကို ချက်ချင်းလိုက်သွားခဲ့သော်လည်း မူယာကြွယ်က သတိမရှိလောက်အောင် မှောက်နေခြင်းမျိုးမဟုတ်။ ထို့ကြောင့် တမင်တကာ ဒီလိုဖြစ်အောင် မူယာကြွယ်ကဖန်တီးလိုက်ပြီဆိုတာကို သိသွားတော့မှ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်တိုမိသည်။ သူငယ်ချင်းသံယောစဉ်ကြောင့် မူးနေသည့်အချိန်တွင် မဖြစ်သင့်တာမဖြစ်သွားအောင်ဆိုသော စိတ်ခံရှိ၍သာ အပြေးလာခဲ့ခြင်းဖြစ်သည်။ သို့သော် အလိမ်အညာတစ်ခုမှန်းသိလိုက်ရသည့်အခါ ကိုယ့်ရဲ့တုံးအမှုကိုသာ ပြန်၍အပြစ်တင်မိတော့သည်။

မူယာကြွယ်က ကားပေါ်ကနေဆင်းပြီး ထွက်မသွားသေးဘဲ ကားပြတင်းပေါက်ဆီခါးကိုင်း၍ အထဲက ကျွန်တော့်ကို ခေါ်သည်။

" ချမ်းမြေ့ "

ပြန်မထူးဘဲ ဒီအတိုင်းသာ ကြည့်လိုက်သည်။

" နင်သိထားနော်။ ငါက နင့်ကို လက်မလျှော့သေးဘူး။ သေချာပေါက် နင်က ငါ့အပိုင်ဖြစ်လာမှာ "

စိတ်ပျက်စွာဖြင့် အကြည့်လွှဲလိုက်ပြီးနောက် ဦးလေးကြီးကို မောင်းထွက်ဖို့ပြောလိုက်ပါတော့သည်။ ကားလမ်းပိတ်မှုကြောင့် ကွန်ဒိုအောက်ကိုရောက်သည့်အခါ ရှစ်နာရီထိုးနေလေပြီ။ ဓာတ်လှေကားခလုတ်ကိုခပ်မြန်မြန်နှိပ်လိုက်ရင်း ကျွန်တော် အပေါ်တက်လာခဲ့သည်။ တံခါးပင်မခေါက်တော့ဘဲ ပါလာသည့်သော့ဖြင့် ဖွင့်လိုက်ကာ အိမ်ထဲဝင်လာသောအခါ မထင်ထားစွာ ဖြင့်အခန်းက အမှောင်ကျနေသည်။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now